ပွဲတက်ဖို့အတွက် Makeup ပြင်တဲ့အခါမှာ အရမ်း Heavy ဖြစ်တာမျိုး၊ Full Makeup Look မျိုး မပြင်ချင်တဲ့သူတွေအတွက် ပွဲတက်အတွက်လည်းအဆင်ပြေပြီး ရှင်းရှင်းလေးနဲ့အရမ်းလှတဲ့ Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Skincare တွေ လိုအပ်တာတွေလိမ်းပြီးတော့မှ Foundation လိမ်းပါမယ်။ ပွဲတက်ဖြစ်တဲ့အတွက် Foundation ကို Coverage ကောင်းတာမျိုး ရွေးသုံးပေးပါ။ Foundation ကို လက်နဲ့လုံးဝမလိမ်းပါနဲ့။

မျက်ကွင်းညိုတာနဲ့ ဝက်ခြံ၊ အမဲစက်တွေကိုဖုံးဖို့ အသားအရောင်မညီတဲ့နေရာတွေကို ညီအောင်လုပ်ဖို့အတွက် Concealer ကိုလိမ်းပါမယ်။

Powder Pact လိမ်းပါမယ်။ ပွတ်မလိမ်းပဲနဲ့ ဖိဖိပြီး သေချာလိမ်းပေးပါ။

နှာတံဖော်ပါမယ်။

မျက်ခုံးမွှေးကို သေချာလှလှလေးဆွဲပေးပါ။

အသားရောင် Eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။ မျက်လုံးထောင့်နဲ့ အောက်နားလေးကိုပါ ခြယ်ပါမယ်။

အညိုရောင် Eyeshadow ကို အပေါ်မျက်ခွံနေရာနဲ့ ထောင့်အစွန်းနားလေးကို ခြယ်ပါမယ်။

အညိုရောင်အရင့် Eyeshadow ကို မျက်လုံးထောင့်နားနဲ့ အောက်နားလေးမှာ ပုံထဲကလို ခြယ်ပေးပါ။

Glitter Eyeshadow ကို မျက်လုံးအောက်နား အရှေ့ကနေ တစ်ဝက်လောက်အထိ ခြယ်ပေးပါ။

Eyeliner ကို မျှင်မျှင်လေးပဲ ဆွဲပါမယ်။

Mascara နဲ့ မျက်တောင်ကို သေချာကော့ပါမယ်။ အောက်မျက်တောင်ကိုပါ ကော့ပါမယ်။

နှုတ်ခမ်းနီကိုတော့ ပန်းရောင်လေးဆိုးပါမယ်။ အဲ့အရောင်လေးဆိုးလိုက်တာနဲ့ မျက်နှာလေးလင်းပြီး နုပျိုသွားစေပါတယ်။

ပြီးတော့မှ နှုတ်ခမ်းအတွင်းသားကို အနီရောင်လေးဆိုးပါမယ်။

ပါးနီကို ပန်းရောင်ပဲခြယ်ပါမယ်။

Glow ချင်ရင်တော့ Highlighter ကို ပါးရိုးနေရာ၊ နှာတံနေရာနဲ့ နှုတ်ခမ်းအပေါ်နားလေးကို ခြယ်ပေးလို့ရပါတယ်။

ဒါဆိုရင်တော့ ပွဲတက်အတွက်အဆင်ပြေပြီး ရှင်းရှင်းလေးနဲ့အရမ်းလှတဲ့ Makeup Look လေးကို ရရှိသွားပါပြီ။