အရပ်ရှည်တဲ့ကောင်မလေးတွေက ဘောင်းဘီအရှည်လေးတွေဝတ်ရင် စမတ်ကျပြီး မိုက်သလို လှလည်းလှပါတယ်။ ဒီတော့ ဘယ်လိုတွဲဝတ်ရမလဲဆိုတာကို တကူးတက မစဉ်းစားချင်တဲ့သူတွေအတွက်လည်း အဆင်ပြေအောင် အရပ်ရှည်တဲ့ကောင်မလေးတွေအတွက် ရိုးရှင်းပြီးစမတ်ကျတဲ့ ဘောင်းဘီအရှည်ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

ကုတ်လေးတွေဝတ်နေတာက ခေတ်စားနေတာဆိုတော့ ဒီလိုဖက်ရှင်လေး ဝတ်ကြည့်ပါ။ အရပ်ရှည်တဲ့ ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

ဒီလိုဂျင်းဘောင်းဘီအပွ အပြဲဒီဇိုင်းတွေဆိုရင် ရိုးရိုး Top လေးတွေနဲ့ ဒီလိုတွဲဝတ်တာတောင်မှ စမတ်ကျပြီး လှပါတယ်။

T Shirt လေးတွေကို ဒီလိုဂျင်းဘောင်းဘီအရှည်နဲ့ တွဲဝတ်တာမျိုးကလည်း စမတ်ကျပြီး လှပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ကို လှတာပါ။

ပူပြင်းတဲ့အချိန်မှာဆိုရင် ဒီလိုဘောင်းဘီအရှည်ကို ကြိုးတစ်လုံးလေးတွေနဲ့သာ တွဲဝတ်ပါ။ ရိုးရှင်းပြီး မိုက်သလို အရပ်ရှည်တဲ့ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်တဲ့ ဖက်ရှင်လေးပါပဲ။

ဒီလိုဘောင်းဘီအရှည်လေးတွေ၊ ဂျင်းဘောင်းဘီအရှည်လေးတွေကို Tank Top နဲ့ တွဲဝတ်တာမျိုးကလည်း ရိုးရှင်းပြီး စမတ်ကျတဲ့ ဖက်ရှင်လေးပါ။

ဘောင်းဘီအရှည်ကို ဒီလိုရင်ပြတ် Top လေးတွေနဲ့ တွဲဝတ်တာဆိုရင် စမတ်ကျပြီးမိုက်တဲ့ ဖက်ရှင်လေးဖြစ်ပါတယ်။ အရပ်ရှည်ရင် ဒီလိုလေးတွေ ဝတ်ကြည့်နော်။

အရပ်ရှည်တဲ့ ကောင်မလေးတွေက ဘောင်းဘီအရှည်ကို ဒီလို Crop Top အကြပ်လေးနဲ့ တွဲဝတ်ရင်တောင်မှ ရိုးရှင်းပြီး စမတ်ကျနေတာပါပဲ။

လက်ရှည်အင်္ကျီအကြပ်လေးတွေ ဝတ်မယ်ဆိုရင် ဒီလိုဂျင်းဘောင်းဘီအရှည်လေးတွေနဲ့ တွဲဝတ်ပါ။ ရိုးရိုးလေးနဲ့ အရမ်းလှပါတယ်။ အရပ်ရှည်တဲ့သူတွေက ဒီလိုဘောင်းဘီမျိုးနဲ့ဆို အရမ်းလိုက်တာပါ။

ကိုရီးယားမလေးတွေ ဝတ်နေကျဖြစ်တဲ့ ဒီလိုဖက်ရှင်စတိုင်လ်လေးဆိုလည်း အရပ်ရှည်တဲ့ ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ စမတ်ကျပြီးမိုက်တဲ့ ပုံစံလေးပါ။

Photo source:www.pinterest.com