ကိုရီးယားမလေးတွေတော်တော်များများက မိတ်ကပ်ပြင်ရင် Natural Look လေးတွေပဲပြင်ကြတာကို အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ သူတို့မျက်လုံးခြယ်ရင်လည်း ပါးပါးလေးတွေနဲ့ ချစ်စရာကောင်းတဲ့အရောင်လေးတွေကိုပဲ ရိုးရိုးလေးခြယ်တတ်ကြတာပါ။ ဒါကြောင့် မိန်းကလေးတိုင်းအတွက် ကိုရီးယားမလေးတွေလို ရိုးရိုးလေးနဲ့ လှနေစေမယ့် မျက်လုံးခြယ်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

Peachy Eyeshadow အရောင်လေးတွေနဲ့ Makeup Look လေးတွေက အခုနောက်ပိုင်းမှာ အရမ်းကိုခေတ်စားလာပါတယ်။ ဒါလေးတွေက ရုပ်ကိုလည်း ပိုပြီးနုသွားစေပါတယ်။ ဒါကြောင့် ဒီ Peacy Eyeshadow Look လေးကိုလည်း ပြင်ကြည့်ပါ။

ပန်းစီရောင်ကိုမှ သူက ဝိုင်အရောင်ဘက်သွားတာလေးဖြစ်လို့ မျက်နှာလေးပိုလင်းပြီး ဆွဲဆောင်မှုရှိသွားစေပါတယ်။

ပန်းစီရောင်အနုနဲ့ လိမ္မော်ဘက်သွားတာလေးတွေနဲ့ အရောင်ကိုစပ်ပြီး ခြယ်ပြထားတာဖြစ်လို့ အရမ်းလှပါတယ်။

အရောင်သိပ်မရှိတာမျိုးခြယ်ချင်တဲ့သူတွေအတွက်တော့ ဒီ Eyeshadow Look လေးက အဆင်ပြေမယ်လို့ ထင်ပါတယ်။

ရွှေရောင်လေးကတော့ လူကြိုက်များပြီး လူတိုင်းလိုလိုခြယ်ကြတဲ့အရောင်လေးပါ။ တည်ငြိမ်ပြီး ချစ်စရာကောင်းစေပါတယ်။

ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းလေးတွေ ပိုင်ဆိုင်ချင်ရင်တော့ ဒီလို Eyeshadow Look လေးကို ရွေးချယ်ပါလို့ အကြံပြုပါတယ်။

နောက်ဆုံး Eyeshadow Look လေးဆိုလည်း အရောင်လေးတွေကိုစပ်ထားတာဖြစ်လို့ အရမ်းလှပါတယ်။ ဒါပေမယ့် ဒီလိုခြယ်တာမျိုးကျတော့ မျက်ကွင်းညိုတဲ့သူတွေနဲ့ မလိုက်ဖက်ပါဘူး။ မျက်ကွင်းပိုညိုသလို ဖြစ်သွားစေပါတယ်။

Photo Source: www.pinterest.com