မိတ်ကပ်ပြင်ပြီဆိုရင် ရိုးရိုးလေးနဲ့ ပါးပါးကြည်ကြည်လေးပဲ ပြင်ရတာကြိုက်တဲ့သူတွေအတွက် ရိုးရှင်းပြီး သဘာဝဆန်ဆန်လေးနဲ့ လှနေစေမယ့် Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဒီလို Makeup Look လေးတွေက ရာသီဥတုပူတဲ့အချိန်မှာလည်း သက်တောင့်သက်သာဖြစ်ပြီး ပိုလှနေစေမှာပါ။

အရင်ဆုံး မျက်ကွင်းညိုတဲ့နေရာနဲ့ နှုတ်ခမ်းနားတစ်ဝိုက်ကို Concealer လိမ်းပါမယ်။ ဒီနေရာတွေက အသားအရောင်ပိုညိုနေတာဖြစ်လို့ Concealer လိမ်းပေးဖို့ လိုအပ်ပါတယ်။ တခြားအသားအရောင်မညီတဲ့နေရာနဲ့ ဝက်ခြံ၊ အမာရွတ်ရှိတဲ့နေရာတွေကိုလည်း Concealer နဲ့ ဖုံးပေးနိုင်ပါတယ်။

Foundation လိမ်းဖို့အတွက် Makeup Brush or Makeup Sponge ကိုသုံးပြီး လိမ်းပေးပါ။ ဒါမှ မိတ်ကပ်သားသိပ်သိပ်လေးနဲ့ ညီပြီးလှမှာပါ။ လက်နဲ့ပွတ်လိမ်းမယ်ဆိုရင်တော့ မိတ်ကပ်သားလှမှာမဟုတ်ပါဘူး။

မိတ်ကပ်ရောင်ဘက်သွားတဲ့ Eyeshadow အရောင်ကို မျက်ခွံမှာခြယ်ပေးပါ။ မျက်လုံးအောက်နားကိုလည်း ခြယ်ပေးပါ။

ချယ်ရီရောင်အရင့်ဘက်သွားတဲ့ Eyeshadow အရောင်ကို မျက်ခွံပေါ်မှာ ထပ်ခြယ်ပေးပါ။

အညိုရောင် Eyeshadow ကို Eyeliner ဆွဲသလို မျက်လုံးထောင့်စွန်းနားမှာ ခြယ်ပေးပါ။

Glitter Eyeshadow ပန်းရောင်နုနုလေးကို လက်ချောင်းလေးနဲ့ပဲယူပြီး မျက်လုံးထိပ်နားမှာ ခြယ်ပေးပါ။ ဒါဆိုရင်တော့ Eyeshadow ခြယ်တာ ပြီးသွားပြီဖြစ်ပါတယ်။

Mascara နဲ့ မျက်တောင်ကော့ပေးပါ။

မျက်ခုံးမွှေးဆွဲတဲ့အခါမှာ သဘာဝဆန်ဆန်လေးပဲ ဆွဲပေးပါ။ အရမ်းထူနေအောင် မဆွဲပါနဲ့။

ပါးနီကိုတော့ ပန်းရောင်ဘက်သွားတာ (သို့) လိမ္မော်ရောင်ဘက်သွားတာလေး ခြယ်ပေးပါ။ ပါးနီကို Powder type သုံးတာထက်စာရင် Cream type , Liquid type တွေသုံးတာက ပိုပြီး Natural ဆန်ပါတယ်။

ပါးရိုးနေရာ၊ နှာတံ၊ နှုတ်ခမ်းအပေါ်နား၊ မေးစိ၊ နဖူးအလယ် စတဲ့နေရာတွေကို Highlighter သုံးပေးပါ။ ဒါမှပါးပါးကြည်ကြည်လေးနဲ့ Glow နေမှာပါ။

နှုတ်ခမ်းနီကိုတော့ အနီရောင် (သို့) ပန်းရောင်အရင့်ဘက်သွားတဲ့ အရောင်လေးကို အတွင်းသားမှာ ဆိုးပေးပါ။ ပြီးရင်တော့ အပေါ်ကနေ Lip Gloss အကြည်လေး ထပ်ဆိုးလိုက်ပါ။

ဒါဆိုရင်တော့ ရိုးရှင်းပြီး သဘာဝဆန်ဆန်လေးနဲ့ လှနေစေမယ့် Makeup Look ကို ရရှိသွားပြီပဲဖြစ်ပါတယ်။

source:www.haleykim