မိတ်ကပ်ပြင်တဲ့အခါမှာ Heavy ဖြစ်အောင်ပြင်ဆင်ထားရင် ရုပ်ရင့်သွားစေပါတယ်။ အခုနောက်ပိုင်းမှာလည်း မိတ်ကပ်တွေအများကြီးလိမ်းပြီး ပြင်ဆင်နေတာထက်စာရင် သဘာဝဆန်တဲ့ Natural Look လေးတွေက ပိုပြီးခေတ်စားလာပါတယ်။ ဒါကြောင့် ကိုရီးယားမလေးတွေလို မျက်နှာရှင်းရှင်းလေးနဲ့ သဘာဝဆန်ပြီး Glow နေစေမယ့် မိတ်ကပ်ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

မိတ်ကပ်မလိမ်းခင်မှာ မျက်နှာသစ်ပြီး Toner, Moisturizer, Sunscreen, Primer စတဲ့ ၄ မျိုးကို မဖြစ်မနေ လိမ်းပေးရပါမယ်။

ပြီးမှ အောက်ခံမိတ်ကပ် Foundation (သို့) Cushion လိမ်းပေးပါ။ လိမ်းတဲ့အခါမှာ လက်နဲ့မလိမ်းပဲ Makeup Sponge နဲ့ သေချာဖိဖိပြီး ပုပ်လိမ်းပေးပါ။

Concealer ကို Brush နဲ့ယူပြီး အသားအရောင်မညီပဲ မဲနေတဲ့နေရာ၊ ပါးမို့နေရာတွေမှာ လိမ်းပေးပါ။ မျက်ကွင်းညိုတဲ့နေရာနဲ့ အမဲစက်၊ အမာရွတ်တွေရှိတဲ့နေရာမှာလည်း လိမ်းပေးပါ။

ပါးနီကိုတော့ Rose အရောင် ဖျော့ဖျော့လေးပဲ သုံးပါမယ်။ Mask တပ်လိုက်ရင် ပါးနီလိမ်းထားတာက အုပ်သွားမှာဖြစ်လို့ ပါးမို့အပေါ်နည်းနည်းတက်ပြီး လိမ်းခြယ်ပေးပါ။

သဘာဝဆန်တာမျိုးလေးလိုချင်ရင် Setting Powder ကို Brush နဲ့ယူပြီး မျက်နှာပေါ် ပွတ်လိမ်းပေးပါ။

အဖြူရောင် Glitter လေးတွေကို မျက်လုံးအောက်နားမှာ နည်းနည်းခြယ်ပေးပါ။

အညိုရောင် Eyeshadow ကို မျက်ခွံပေါ်မှာ ဖျော့ဖျော့လေးပဲ ခြယ်ပေးပါ။

Eyeshadow အညို (သို့) အနက်ရောင် Gel Eyeliner နဲ့ Eyeliner ပါးပါးလေးဆွဲပေးပါ။ အတွင်းသားကနေဆိုးရင် ပိုလှပါတယ်။ မျက်လုံးထောင့်လေးမှာ Wings ပါးပါးလေး ဆွဲပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ ပြီးရင်တော့ မျက်ခုံးမွှေးကို ကိုယ်ဆွဲနေကျအတိုင်း သဘာဝဆန်ဆန်လေးပဲ ဆွဲပေးပါ။ အထူကြီးတွေ၊ ထင်းထင်းကြီးတွေဖြစ်အောင် မဆွဲပါနဲ့။

Highlighter ကို မျက်လုံးထောင့်နဲ့ နှာခေါင်းကြားနေရာလေးမှာ နည်းနည်းခြယ်ပေးပါ။ ပါးမို့နေရာလေးကိုလည်း ခြယ်ပေးပါ။ ဒါမှ ပါးမို့နေရာလေးက လင်းပြီး Glow နေမှာပါ။

အားလုံးပြီးရင်တော့ နှုတ်ခမ်းနီကို Nude ဘက်သွားတဲ့ အရောင်လေးဆိုးပေးပါ။ ဒီအရောင်လေးတွေက ပိုပြီး သဘာဝဆန်ဆန်နဲ့ လှပါတယ်။

နောက်ဆုံးမှာတော့ ကိုရီးယားမလေးတွေလို မျက်နှာရှင်းရှင်းလေးနဲ့ သဘာဝဆန်ပြီး Glow နေစေမယ့် မိတ်ကပ် Look လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။

source:www.risabae