မင်္ဂလာပါ။ ဆောင်းဝင်လာပြီမို့ ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ Makeup Look လေးတွေ စမ်းပြင်ကြည့်ချင်တဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါး Winter Makeup ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ဆောင်းရာသီက ဖြူဖြူဖွေးဖွေးနှင်းစက်လေးတွေကို ကိုယ်စားပြုတာမို့ Cool Tone ဘက်သွားတဲ့ Look တွေ၊ မျက်စိအေးတဲ့ စိုစိုကြည်ကြည်ကာလာလေးတွေ၊ မိတ်ကပ်ပြေပြေလေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ ဒီတစ်ခေါက်ဖော်ပြပေးမယ့် Look လေးက ပြင်ရမခက်သလို အချိန်လည်း သိပ်မပေးရတာမို့ တော်တော်များများအတွက်အဆင်ပြေမှာပါ။ သဘာဝဆန်ဆန်နဲ့ ဆောင်းရာသီ Vibe လးလည်း ရစေမှာဖြစ်လို့ ပြင်နည်းလေးကို စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်။

အောက်ခံမိတ်ကပ်မလိမ်းခင် ပထမအဆင့်အနေနဲ့ Gel Moisturizer လေးနဲ့အတူ အစိုဓာတ်ပါတဲ့ Primer တစ်မျိုးကို တွဲပြီးလိမ်းပေးပါ။


Base မိတ်ကပ်အတွက် SPF ပါဝင်တဲ့ Tinted Moisturizer လေး သုံးပေးရပါမယ်။ Foundation တွေက မျက်နှာမှာအရမ်းထူပြီး သဘာဝမဆန်တာမို့ Tinted Moisturizer ခပ်ပါးပါးလိမ်းပေးတာက ပိုကောင်းပါတယ်။ သင့်လက်ချောင်းလေးတွေနဲ့ မျက်နှာအနှံ့ ဖြန့်ပြီးလိမ်းပေးပါ။


ပုံမှန်အတိုင်း Concealer လိမ်းရမယ့်အဆင့်ဖြစ်ပါတယ်။ Concealer အနည်းငယ်ကို Brush အသေးလေးနဲ့ ယူပြီး အမဲစက်နဲ့ အသားရောင်မညီတဲ့နေရာတွေပေါ်လိမ်းပြီး ဖုံးလိုက်ပါ။ ဒီလောက်ဆိုရင်တော့ သဘာဝဆန်တဲ့ အောက်ခံမိတ်ကပ်ပြေပြေကို ရသွားပါပြီ။


နောက်ထပ်ကတော့ ပါးနီလိမ်းတဲ့အဆင့်ပါ။ ပါးနီလေးကို Warm ဖြစ်တဲ့ အရောင်အညိုတွေထက် ပန်းရောင်၊ အနီရောင်ဘက်တဲ့ အရောင်လေးတွေသုံးရင်ပိုကောင်းပါတယ်။ ပါးနီအရောင်ရဲရဲလေးရွေးပြီး ထင်းနေအောင် ဆိုးပေးလိုက်ပါ။


Eye shadow ကို Neutral ဖြစ်တဲ့အသားရောင်လေးပဲဆိုးထားပြီး Eye Liner ပါးပါးကော့ကော့လေးဆွဲပေးလိုက်ပါ။ ပြီးရင်တော့ Mascara လေးနဲ့ မျက်တောင်ကော့လို့ရပါပြီ။

မျက်ခုံးတွေကို သဘာဝဆန်ဆန် ပြေပြေလေး ဖြည့်ဆိုးပေးပါ။ ပြီးနောက် မျက်နှာဘေးဘက်တွေမှာ Brush အကြီးနဲ့ Contour နည်းနည်းလုပ်ပေးရပါမယ်။


မျက်ဝန်းတွေအတွက် ပိုထင်းတဲ့ကာလာလေးရအောင် Highlighter ထည့်ပေးရမယ့်အဆင့်ဖြစ်ပါတယ်။ Brush အသေးနဲ့ Highlight အဖြူလေးယူပြီး ရှေ့မျက်ခွံထောင့်တွေမှာ ဖြည့်ဆိုးပေးပါ။ ပါးမို့လေးတွေပေါ်မှာလည်း Highlight နည်းနည်းစီထည့်ပေးရပါမယ်။


နှုတ်ခမ်းနီအတွက် ကိုယ့် Skin Tone နဲ့အရမ်းမကွာတဲ့ Natural ဆန်ဆန် Lipstick ၊ Lip Tint လေးတွေ ခပ်ဖျော့ဖျော့ ဆိုးပေးနိုင်ပါတယ်။


ဒါဆိုရင်တော့ အရောင်စိုစို မိတ်ကပ်ပြေပြေလေးနဲ့ ဆောင်းရာသီနဲ့ လိုက်တဲ့ သဘာ၀ Winter Makeup Look ကို ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Youtube