ဒီတစ်ခါမှာတော့ ရှုပ်ယှက်ခတ်နေတဲ့ဖက်ရှင်မျိုးနဲ့မဟုတ်ပဲ ရှင်းရှင်းလေးနဲ့ ဖက်ရှင်ကျလှပနေစေမယ့် Outfit Idea တွေကို မျှဝေပေးလိုက်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဖက်ရှင်ကျအောင် ဝတ်ချင်ရင်တော့ ဒီ Outfit Idea လေးတွေအတိုင်း Try ကြည့်လိုက်တော့နော်။

ဂျင်းစကပ်ကို Crop Top အကျပ်လေးနဲ့တွဲဝတ်ပြီး Sneakers လေးစီးထားတာဆိုတော့ ရှင်းရှင်းလေးနဲ့ ဖက်ရှင်ကျပြီးလှပါတယ်။ လူငယ်ကောင်မလေးတွေဆို သဘောကျမှာပါ။ ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။

ဒီ Outfit လေးဆိုရင် ကြည့်လိုက်တာနဲ့ ရှင်းရှင်းလေးနဲ့ ပေါ့ပါးလွတ်လပ်တဲ့ပုံစံလေးနဲ့ လှပါတယ်။ နွေရာသီမှာဆို အရမ်းဝတ်လို့ကောင်းတဲ့ ဖက်ရှင်လေးပဲနော်။

ဂျင်းဘောင်းဘီအရှည်ကို ကြိုးတစ်လုံးလေးနဲ့တွဲဝတ်ပြီး Sneakers လေးစီး၊ ဦးထုပ်လေးဆောင်းလိုက်တော့ ဖက်ရှင်ကျကျ၊ Smart ကျကျလေးနဲ့ အရမ်းလှပါတယ်။ လူငယ်ဆန်ပြီး ပေါ့ပါးလွတ်လပ်မှုလည်းရှိစေမယ့် Outfit Idea လေးပါ။

ဂျင်းစကပ်အဖြူလေးတွေကို ဘယ်လိုဝတ်ရမှန်းမသိရင်တော့ ဒီ Outfit Idea လေးအတိုင်းသာ ဝတ်ကြည့်လိုက်နော်။

ရှင်းရှင်းလေးနဲ့ ဖက်ရှင်ကျကျ အထာကျကျလေးနဲ့ လှနေစေမယ့် Outfit Idea လေးပါ။ လူငယ်ကောင်မလေးတွေဆို ပိုပြီးသဘောကျမှာပါ။

လုံးဝကို Simple ဖြစ်ပြီးလှတဲ့ Outfit Idea လေးပါ။ ဒီ Outfit လေးက ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားပဲ ဖက်ရှင်ကျပြီးလှနေတာပါ။

ဂျင်းစကပ်လေးတွေကို နွေရာသီမှာဆိုရင် ဒီလိုကြိုးတစ်လုံးလေးတွေနဲ့လည်း တွဲဝတ်လို့ရပါသေးတယ်။ ဖက်ရှင်ကျလှပပြီး ပေါ့ပါးလွတ်လပ်မှုရှိစေပါတယ်။

ဒီ Outfit Idea လေးဆိုရင် ပေါ့ပါးမှုရှိစေတဲ့အတွက် ခရီးသွားတဲ့အခါမှာလည်း ဝတ်လို့အရမ်းအဆင်ပြေသလို ထသွားထလာအတွက်လည်း အရမ်းအဆင်ပြေတယ်နော်။

အခုနောက်ပိုင်းမှာ ခေတ်စားနေတဲ့ Outfit Idea လေးပါ။ ရှင်းရှင်းလေးနဲ့ လှပါတယ်။

ဒီ Outfit Idea လေးဆိုရင်လည်း ရှင်းရှင်းလေးပါပဲ။ ဘယ်တော့မှရိုးမသွားပဲလှတဲ့ Outfit လေးပါ။

ဂျင်းကို ဝမ်းဆက်ဝတ်မယ်ဆိုရင် ဒီလိုလေးတွဲဝတ်ကြည့်နော်။ အထာကျပြီး ဖက်ရှင်ကျမိမိုက်နေစေပါတယ်။