အဝါရောင်ဆိုတာ အရမ်းလည်းမတောက် အရမ်းလည်းမနုတဲ့ ကြည့်ရမရိုးပဲ့ လှပနေတဲ့အရောင်မျိုးလေးပါ။ ကလေးတွေလည်း ကြိုက်နှစ်သက်ကြသလို လူကြီးတွေလည်းကြိုက်နှစ်သက်တဲ့အရောင်လေးပေါ့။ အခုနောက်ပိုင်းမှာလည်း အဝါရောင်တွေက တော်တော်ခေတ်စားလာတာကို တွေ့လာရပါတယ်။ လူဆိုတာကလည်း ခေတ်စားတဲ့အရာနောက်ကို လိုက်နိုင်မှ ဖက်ရှင်ကျပြီးလှပတော့မှာပေါ့။

အဲဒါကြောင့် ခေတ်စားနေတဲ့အဝါရောင်လေးကို လက်သည်းပေါ်မှာ ရိုးရှင်းတဲ့ဒီဇိုင်းလေးတွေ ဖန်တီးနိုင်ဖို့ ချစ်ဖို့ကောင်းပြီး ဆန်းသစ်လှပနေတဲ့ လက်သည်းဒီဇိုင်းလှလှလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ပန်းပွင့်ပုံစံလေးများနဲ့ ဖန်တီးထားတဲ့လက်သည်းပုံစံလေးတွေကလည်း ချစ်စရာကောင်းပြီး ကြည့်လိုက်တိုင်းမှာလည်း စိတ်ကျေနပ်မှုဖြစ်နေစေမှာပါ။ ချစ်စရာကောင်းတဲ့ ပန်းလေးတွေကိုဒီဇိုင်းဆွဲထားတာဆိုတော့ မိန်းကလေးဆန်ပြီး တော်တော်လေးချစ်ဖို့ကောင်းနေစေမှာပါနော်။





မိန်းကလေးဆန်ဆန် ပန်းပွင့်ပုံလေးတွေမဟုတ်ပဲ ရိုးရိုးလေးနဲ့ဒီဇိုင်းဆွဲထားတာမျိုးလေးကလည်း တစ်မျိုးလေးဆန်းသစ်လှပနေစေပါတယ်။ အရမ်းလည်းမဆန်းလွန်းနေပေမယ့် ဆွဲဆောင်မှုရှိနေတဲ့ အဝါရောင်လေးကြောင့် ပိုပြီးတော့အထာကျလှပနေမှာက အသေအချာပါပဲ့နော်။





လက်တစ်ချောင်းထဲမှာ ဒီဇိုင်းတစ်မျိုးလုပ်မယ်။ လက်သည်းနီဆိုတဲ့အခါမှာ လက်ချောင်းအကုန်လုံးကို တစ်ရောင်ထဲမဆိုးတော့ပဲ အထာကျကျ မိမိုက်နေစေဖို့ အရောင်လေးတွေစပ်ပြီးဆိုးတာတွေ၊ တစ်ချောင်းထဲကိုပဲ ဒီဇိုင်းတစ်မျိုးဆိုးတာတွေက ခေတ်စားလာတာဆိုတော့ အဝါရောင်လေးနဲ့ လှပအောင်ဆွဲလို့ရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။



Photo Source: Pinterest