ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းနဲ့ ပြီးပြည့်စုံတဲ့ မိတ်ကပ်ကို ခြယ်သလို့ရပါတယ်နော်။

၁။ ပုံမှန်သန့်စင်ပါ

မျက်နှာအသားအရေကို ပုံမှန်သန့်စင်ပေးပါ။ အပြင်ကပြန်လာရင် မိတ်ကပ်ကို သေချာဖျက်ပါ။ တိုနာ (သို့) မိတ်ကပ်ဖျက်ဆေးနဲ့ ဖျက်ပေးပါ။ ပြီးရင် Moisturizer လိမ်းပေးထားရပါမယ်။

၂။ Concealer သုံးပါ

မျက်ကွင်းညိုတာတွေ၊ မျက်နှာပေါ်က အမည်းစက်တွေ အပြစ်အနာဆာတွေ အတွက် Concealer သုံးပေးသင့်ပါတယ်။

၃။ Concealer ကို ဒီလိုသုံးပါ

မျက်ကွင်းအောက်မှာ လိမ်းတဲ့အခါ အချောင်းလေးတွေ ခြစ်ပြီးသုံးပေးပါ။

နှုတ်ခမ်းနီ အနီရောင်ကိုလည်း သုံးနိုင်ပါတယ်။ ပြီးရင်သေချာလေးပွတ်ပေးပါ။

၄။ ဖောင်ဒေးရှင်းရွေးတဲ့အခါ

ဖောင်ဒေးရှင်းရွေးတဲ့အခါ မျက်နှာပေါ်တင်ပြီး မစမ်းပါနဲ့။ လည်ပင်းနားမှာ စမ်းသပ်ပေးနိုင်ပါတယ်။

၅။ Contour ကို မှန်မှန်ကန်ကန်သုံးပါ

Contour ကို နေရာမှန်မှန်အသုံးပြုပေးသင့်ပါတယ်။ အညိုလိမ်းရမယ့်နေရာ အဖြူလိမ်းရမယ့်နေရာကို သေချာလိမ်းပါ။

၆။ Blush သုံးပါ

ပါးနီ ကိုလိမ်းတဲ့အခါ Blush နဲ့လိမ်းပေးနိုင်ပါတယ်။ မျက်နှာကို ပန်းသွေးရောင်လေးကြွနေအာင် သုံးပေးပါ။

၇။ မိတ်ကပ်လိုနေတဲ့နေရာကို သေချာဖြည့်ပါ

ပြီးပြည့်စုံတဲ့ မိတ်ကပ်လိမ်းချယ်နိုင်ဖို့ ရိုးရှင်းထိရောက်တဲ့ နည်းလမ်းလေးတွေ

မိတ်ကပ်ကွက်တာမျိုးတွေမဖြစ်အောင် လိုနေတဲ့နေရာတွေကို သေချာဖြည့်ပါ။ ပေါင်ဒါကို ပါး၊ နဖူး၊ မျက်လုံးအောက်၊ နှာခေါင်း၊ မေးစေ့နဲ့ နှာခမ်းနားတစ်ဝိုက်မှာ ပုပ်ပေးပါ။ blush နဲ့ လိမ်းပေးတာ ပိုကောင်းပါတယ်။

၈။ နှုတ်ခမ်းသားအတွက်

နှုတ်ခမ်းသား ညိုမည်းနေတာမျိုးဖြစ်ရင် နှုတ်ခမ်းနီဆိုးရတာလည်း အဆင်မပြေသလို နှုတ်ခမ်းသားလည်း မလှပနိုင်ပါဘူး။ ဒါ့ကြောင့် ဆေးလိပ်သောက်တာကိုရှောင်ပါ။ နှုတ်ခမ်းကို ပျားရည် သကြားနဲ့ ရောပြီး ညတိုင်းလိုလို ပွတ်ပေးပါ။ ပြီးရင် ရေဆေးချပြီး အိပ်ပေးပါ။ နှုတ်ခမ်းသား နူးညံ့စိုပြေနေရင် နှုတ်ခမ်းနီဆိုးတာလည်း ပိုလွယ်သလို ပိုလည်းလှစေမှာပါ။

နှုတ်ခမ်းနီကို အရောင်ရင့်ရင့်ထက် ပါးပါးလေး ဆိုးပေးတာဟာ သင့်ကို ပိုပြီး နုပျိုစေပါတယ်။