လေ့ကျင့်ခန်းဆိုတာကတော့ အသက်အရွယ်မရွေး ပုံမှန်လုပ်ပေးသင့်တာပါ။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ မောတဲ့ဒဏ်၊ ပင်ပန်းတဲ့ဒဏ်ကို သိပ်မခံနိုင်တာကြောင့် လေ့ကျင့်ခန်း သိပ်မလုပ်နိုင်ပါဘူး။ ဒါကြောင့် အသက်၄၀ ကျော် အမျိုးသမီးတွေအတွက် လုပ်ရတာလွယ်ကူပြီး ထိရောက်တဲ့ လေ့ကျင့်ခန်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Plank ထောက်ပါ

Plank ထောက်တာက ကိုယ်လုပ်နိုင်သလောက် လုပ်ပေးပါ။ ခဏလေးဆိုလည်း ရပါတယ်။ ဒါပေမယ့် အချိန်ခဏလေးနဲ့ အကြိမ်ရေများများလုပ်ပေးပါ။ Plank ထောက်တာက ဗိုက်အဆီ၊ ခါးအဆီကျစေပြီး ဗိုက်ချပ်စေရုံသာမကပဲ နောက်ကျောနာကျင်တာလည်း သက်သာစေပါတယ်။

စက်ကိုသုံးပါ

စက်ရှိရင် အိမ်မှာပဲ စက်နဲ့လမ်းလျှောက်တာမျိုး၊ စက်ဘီးနင်းတာမျိုး လုပ်ပေးပါ။ စက်နဲ့လုပ်မယ်ဆိုရင်တော့ မိနစ် ၃၀ အနည်းဆုံး လုပ်ပေးရပါမယ်။ ဒီလိုလုပ်ပေးခြင်းက ခန္ဓာကိုယ်က အဆီတွေကျစေပြီး အမောဒဏ်ခံနိုင်လာပါမယ်။

လမ်းလျှောက်ထွက်ပါ၊ ပြေးပါ

မနက်ခင်းပဲဖြစ်ဖြစ်၊ ညနေခင်းပဲဖြစ်ဖြစ် အပြင်ကို လမ်းလျှောက်ထွက်တာ၊ ပြေးတာမျိုး ပုံမှန် နေ့တိုင်းလုပ်ပေးရင် ကယ်လိုရီတွေလျော့ကျပြီး အဆီကျမယ်၊ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ်၊ သက်လုံလည်း ကောင်းလာစေပါမယ်။

ယောဂကျင့်ပါ

လွယ်ကူတဲ့ ယောဂကျင့်စဉ်လေးတွေကို ပုံမှန်လုပ်ပေးနိုင်ပါတယ်။ လေကောင်းလေသန့်ရပြီး တိတ်ဆိတ်တဲ့နေရာလေးမှာ ယောဂကျင့်ပေးခြင်းက စိတ်တည်ငြိမ် အေးချမ်းစေရုံသာမကပဲ ကိုယ်လက်ပေါ့ပါးပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

photo source: www.freepik.com