ပျိုမေတိုင်းနီးပါး ရင်ဆိုင်ကြုံတွေ့ရတတ်တဲ့ အသားအရေနဲ့ ပတ်သက်တဲ့ပြဿနာတွေကတော့ အမဲစက်ဖြစ်ခြင်း၊ ဝက်ခြံထွက်ခြင်း၊ အမာရွတ်ကျန်ခဲ့ခြင်း၊ နေလောင်ခြင်း၊ ယားယံခြင်း၊ အကြောပြတ်ခြင်းတွေပဲ့ ဖြစ်ပါတယ်။ ဒါကြောင့် အရေပြားဆိုင်ရာပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးနိုင်မယ့် အလွယ်ကူဆုံး အရိုးရှင်းဆုံးဖြစ်တဲ့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ ကဲ…ဘယ်လိုနည်းလမ်းလေးဖြစ်မလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်..

ပါဝင်ပစ္စည်းတွေကတော့

သန့်စင် အုန်းဆီစစ်စစ် စားပွဲတင်ဇွန်း ၆ ဇွန်း

ရှားစောင်းလက်ပပ်အနှစ် စားပွဲတင်ဇွန်း ၆ ဇွန်း

တို့ဖြစ်ပါတယ်။ နောက်ပြီး ဒီသဘာဝပစ္ညည်းလေးတွေက ‌ဘယ်လိုကောင်းကျိုးတွေကို အထောက်အပံ့ပေးနေသလဲဆိုတော့…

အုန်းဆီရဲ့အကျိုးကျေးဇူး

အုန်းဆီမှာ Fatty Acid, ပရိုတင်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ သင့်အသားအရေကို စိုပြေစေပြီး တစ်ရှုးအသစ်တွေကို ပြန်ဖြစ်စေပါတယ်။ အမာရွတ်တွေကိုလည်း သက်သာစေသလို နေလောင်ကွက်တွေကိုလည်း သက်သာစေပါတယ်။ သင့်အသားအရေကို ကြည်လင်စေပါတယ်။

ရှားစောင်းလက်ပပ်ရဲ့ အကျိုးကျေးဇူး

ရှားစောင်းလက်ပပ်မှာ ဗီတာမင် A,B, C ပါဝင်ပြီး သင့်အသားအရေကို နုပျိုစေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို လျှော့ချပေးနိုင်ပါတယ်။ သတ္တုဓာတ်နဲ့ Fatty Acid ပါဝင်လို့ သင့်အသားအရေကို ပိုပြီး နုပျိုစေမှာပါ။ ယောင်ရမ်းမှုကို သက်သာစေသလို၊ ဘက်တီးရီးယားကိုလည်း သေစေနိုင်ပါတယ်။

ကဲ..ပါဝင်ပစ္စည်းတွေရဲ့ ကောင်းကျိုးလေးတွေကိုလည်း သိရပြီဆိုတော့ အပြစ်အနာဆာကင်းတဲ့ စိုပြေဝင်းပနေတဲ့ မျက်နှာအသားအရေလေးရရှိစေဖို့ အသုံးပြုနိုင်မယ့်နည်းလေးကို ပြောပြပေးလိုက်တယ်နော်။

ပါဝင်ပစ္စည်းတွေအားလုံးကို သေချာရောလိုက်ပါ။ ပြီးရင် ညအိပ်ယာမဝင်ခင် (သို့) ရေချိုးပြီးတဲ့နောက် သင့်အသားအရေရဲ့လိုအပ်တဲ့နေရာမှာ လိမ်းပေးရမှာပဲ့ဖြစ်ပါတယ်။

လိမ်းပြီးရင် ညင်သာစွာနှပ်ပေးပါ။ ၁နာရီလောက်ထားပြီးရင်တော့ ရေဆေးချလိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်ပြီး ခရင်မ်တမျိုးမျိုး လိမ်းပေးထားလိုက်ပါ။

ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးမို့လို့ ဝက်ခြံ၊ အမာရွတ်၊ အမည်းစက်၊ နေလောင်ကွက်တွေကို ဖယ်ရှားပစ်ပေးပြီး ကြည်လင်စိုပြေတဲ့ မျက်နှာအသားအရေပိုင်ရှင်လေးဖြစ်ဖို့ Tryကြည့်သင့်တယ်နော်…