မနက်အစောကြီးထပြီး လေ့ကျင့်ခန်းလုပ်ဖို့ကျတော့လည်း အဆင်မပြေပြန် တစ်နေကုန်လုံး သွားလာလှုပ်ရှား အလုပ်လုပ်ထားပြီးမှ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ကျပြန်တော့လည်း အားကမရှိ။ ဒီလိုနဲ့ စားချင်သလောက်စား နားချင်သလောက် နားပြီးမှ ဗိုက်ခေါက်ကြီးက ထွက်လာ၊ ဗိုက်မှာ အဆီတွေ စုလာပြီး ဗိုက်ကြီး ပူလာလို့ စိတ်ညစ်နေပြီလား။

မိမိအားလပ်ချိန်လေးမှာ လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေကို မိမိအိမ်မှာပဲ သက်သောင့်သက်သာပြုလုပ်ရင်း ဝမ်းဗိုက်အဆီတွေ မချချင်ဘူးလား။

အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းလေးတွေက သင့်ဝမ်းဗိုက်က အဆီပိုတွေကို သိသိသာသာလျော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

အရင်ဦးဆုံး လေ့ကျင့်ခန်း ပြုလုပ်တဲ့ဖျာပေါ်မှာ လှဲလျောင်းနေပါ။ ထို့နောက် ပုံပါအတိုင်း ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း မြှင့်တင်လိုက်ပါ။ ထို့နောက် ဝမ်းဗိုက်အား အသုံးပြုပြီး ဒူးခေါင်းကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ ဒူးခေါင်းကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက် ပြန်တွန်းကန်လိုက်နဲ့  ၁၅ ကြိမ်၊ အကြိမ် ၂၀ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

အရင်ဦးဆုံး လက်နှစ်ဖက်ကို ပုခုံးအောက်မှာ ထောက်ထားပါ။ ဒူးနှစ်ဖက်စလုံးကိုလည်း ထောက်ထားရပါမယ်။ ပြီးရင် ညာဒူးက ပုံပါအတိုင်း အပေါ်သို့ ကွေးလျက်သား တွန်းတင်လိုက်ပါ။ ထို့နောက် ကြမ်းပြင်ကို မထိကပ်စေဘဲ မူလအနေအထားအတိုင်း ပြန်ချပါ။ အပေါ်တင်လိုက် အောက်ချလိုက်ဖြင့် အကြိမ် ၂၀၊ ၂၅ ကြိမ် ပြုလုပ်ပေးလိုက်ပါ။ ညာဒူး ပြုလုပ်ပြီးပါက ဘယ်ဘက်ဒူး ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

Plank လေ့ကျင့်ခန်းကတော့ ယနေ့ခေတ်မှာ ရေပန်းစားတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ တံတောင်ဆစ်ကို ပုခုံးအောက်မှာ ထောက်ထားပြီး ခြေဖျားထောက်ကာ ခန္ဓာကိုယ်ကို တစ်ဖြောင့်တည်း ဖြောင့်တန်းထားပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ စလုပ်ကြည်ပါ။ လေ့ကျင့်ခန်း ပြုလုပ်တဲ့ရက် ကြာလာပြီး ကျင့်သားရလာတဲ့အခါမှာတော့ တစ်မိနစ်၊ နှစ်မိနစ်ခန့် တိုးလုပ်ကြည့်ပါ။

လေ့ကျင့်ခန်း (၄)

ပုံပါအနေအထားအတိုင်း တစောင်းလှဲနေပါ။ တံတောင်ဖြင့် ထောက်ထားပြီး ခန္ဓာကိုယ်ကို တဖြောင့်တည်းထားပါ။ ထို့နောက် ညာခြေကို အပေါ်သို့ ဆွဲမပြီး ပြန်ချပါ။ ခြေထောက်ပြန်ချတဲ့အခါ ဘယ်ခြေကို မထိကပ်စေဘဲ ချရပါမယ်။ ၁၂ ကြိမ် (သို့) ၁၅ ကြိမ်ပြည့်မှ ခန္ဓာကိုယ်ကို တစ်ဖက်ပြန်လှည့်ပြီး ဘယ်ခြေကို ထိုနည်းအတိုင်း ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၅)

ဒူးကွေးပြီး ခန္ဓာကိုယ်ကို လှဲလျောင်းထားပါ။ လက်နှစ်ဖက်ကို ဘေးကပ်ထားပါ။ ဒူးကွေးလျက်သားဖြင့် ခြေထောက် တစ်ဖက်ကို အပေါ်သို့ ဖြည်းဖြည်းချင်းစီ မြှောက်လိုက်ပါ။ ပြီးမှ ကျန်ခြေထောက်တစ်ဖက်ကို အပေါ် မြှောက်လိုက်ပါ။ ပြီးမှ ဒူးနှစ်ဖက်ကို ပြန်ဆန့်တန်းပေးလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ်ကြာ တောင့်ခံထားပါ။ ပြီးမှ တဖြည်းဖြည်းချင်းစီ ကြမ်းပြင်ပေါ်သို့ ပြန်ချပေးရပါမယ်။

ဒီလေ့ကျင့်ခန်းက အကြောအချဉ်တွေကို ပြေစေတာကြောင့် အခြားလေ့ကျင့်ခန်းများ အားလုံးပြုလုပ်ပြီးမှ နောက်ဆုံးပိတ်အနေနဲ့ ပြုလုပ်ပေးရပါမယ်။

Source: Brightside.me