အားလုံးပဲမင်္ဂလာပါနော်။ လက်သည်းနီဆိုးရတာ ကြိုက်နှစ်သက်ကြတဲ့ ပျိုမေတို့ အားလုံးအတွက် ဒီတခါမှာတော့ လက်သည်းနီကို ဆိုင်မှာသွားဆိုးစရာမလိုဘဲ အိမ်မှာကိုယ်တိုင် ဆိုးလို့ရအောင် ရိုးရှင်းလွယ်ကူပြီး ပညာသားပါတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ဘေးဘောင်တွေမပေအောင် ကော်အပျော့စားလေးကို လက်သည်းဘေးနားလေးတွေမှာလိမ်းပေးလိုက်ပါ။

၂။ လက်သည်းနီဆိုးတဲ့အခါ လက်သည်းကွဲတာ အက်တာမျိုးမဖြစ်အောင် လက်သည်းအကြည်ကို အရင်ခံဆိုးပါ။

၃။ သင့်လက်သည်းနီအရောင်ကို ပိုပြီးကြွစေဖို့ အဖြူရောင်ကို အောက်ခံအဖြစ်ဆိုးပေးပါ။

၄။ လက်သည်းကပ်တဲ့ တိပ်လေးတွေနဲ့ ကပ်ပေးပြီးအဲဒီအပေါ်မှာ အကြည်လေးထပ်ဆိုးလိုက်ပါ။

၅။ စက္ကူအဝိုင်းလေးကို ကပ်ပြီး လက်သည်းနီဆိုေးပးလိုက်ပါ။

၆။ အရောင်နှစ်ထပ်ထပ်ဆိုးဖို့ တိပ်ကပ်ပြီး ဆိုးပေးပါ။

Source: www.beautyofgirls.com