သင်က တစ်ခုခု အစားမှားပြီးတိုင်း ဝက်ခြံ ဖြစ်တတ်တယ် ဒါမှမဟုတ် တစ်ခုခု ပြောင်းလိမ်းလိုက်တာ၊ အသားကို ထိမိတာနဲ့ ဝက်ခြံ ဖြစ်တတ်တယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဝက်ခြံဖြစ်တာက ကိုယ့်ရဲ့ နဂို ရှိရင်းစွဲ အလှကို မှေးမှိန်သွားစေနိုင်ပါတယ်။ ဒီတစ်ခေါက် အကြောင်းအရာမှာတော့ ဝက်ခြံတွေ ပါးကာ ပျောက်သွားစေဖို့ အသုံးဝင်တဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြထားပါတယ်။

၁။ နနွင်းမှုန့် နည်းလမ်း

Photo Source: ShineSheets

နနွင်းမှုန့်က အသားအရေ ညီညာစေတဲ့အပြင် ဝက်ခြံပါ သက်သာစေနိုင်ပါတယ်။ ပြုလုပ်ပုံနည်းလမ်းကတော့- ဆားအနည်းငယ်နဲ့ နနွင်းမှုန့် အနည်းငယ်ကို လျောပေးရပါမယ်။ ပြီးနောက် ရေအနည်းငယ်နဲ့ ရောပေးရပါမယ်။ ဒီအရောကို ဝက်ခြံပေါ် တင်ပေးကာ တစ်ညထား ပေးရပါမယ်။ နောက်နေ့မှာတော့ ပုံမှန်အတိုင်း မျက်နှာသစ်နိုင်ပါတယ်။

၂။ Facial Foam က အရေးကြီးတယ်

ဝက်ခြံ သမားတွေအတွက် သက်ဆိုင်ရာ ဆရာဝန်က ညွှန်းပေးထားတဲ့ Facial Foam ကို ရွေးသင့်ပါတယ်။ ဒါမှမဟုတ်ရင် Sensitive ဖြစ်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက် ရည်ရွယ်ထားတဲ့ Facial Foam မျိုးကို ရွေးသင့်ပါတယ်။ အဓိကက ကိုယ့်အသားအရေအတွက် ထုတ်ထားတဲ့ Facial Foam မျိုးကို ရှာသင့်ပါတယ်။

၃။ သစ်ကြမ်းခေါက်မှုန့် နည်းလမ်း

ဒီနည်းလမ်းအတွက်တော့ သစ်ကြမ်းခေါက်မှုန့် လေးပုံပုံရင် တစ်ပုံ လိုအပ်ပါတယ်။ ပြီးနောက် ပျားရည် ၂ ဇွန်းနဲ့ ရောပေးရပါမယ်။ ပျားရည်က ပိုးသေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ပြီးရင်တော့ မျက်နှာမှာ လိမ်းပေးရပါမယ်။ ၁၅ မိနစ် ဝန်းကျင် ထားပြီးနောက် မျက်နှာဆေးချနိုင်ပါပြီ။

၄။ အသားအရေ ကြည်လင်ဖို့

ဝက်ခြံပါးကာ အသားအရေ ကြည်လင်လာဖို့ နောက်ထပ် DIY နည်းလမ်း ရှိပါသေးတယ်။ ဒါအတွက် လိုအပ်တဲ့ ပစ္စည်း ၂ မျိုးကတော့- သံပယိုရည် ၁ ဇွန်းနဲ့ ပျားရည် ၂ ဇွန်းတို့ပါ။ ပြီးနောက် သင့်မျက်နှာပေါ် လိမ်းကာ ၁၅ မိနစ် ထားပြီးနောက် မျက်နှာသစ်ပေးရပါမယ်။

၅။ ရေခဲတုံးကို သုံးပါ

ရေခဲတုံး နှစ်တုံးလောက်ကို ယူကာ အဝတ်အသန့်ထဲ ထည့်ပေးရပါမယ်။ ပြီးနောက် ဒီရေခဲတုံးနဲ့ မျက်နှာပေါ်က ဝက်ခြံတွေပေါ် ပွတ်ပေးရပါမယ်။ သင်က ဝက်ခြံလေးတွေ သိသိသာသာ ပါးလာစေချင်ရင် တစ်ပတ်မှာ တစ်ခါ ပုံမှန်လုပ်နိုင်ပါတယ်။

၆။ ဆံပင်ကို သတိထားပါ

မျက်နှာပေါ် ဆံပင်ထိတာမျိုး သတိထားသင့်ပါတယ်။ ဒါ့အပြင် ခေါင်းပုံမှန်လျှော်သင့်ပြီး ဆီထည့်တာတွေလည်း သတိထားသင့်ပါတယ်။ ဗောက်ကလည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။

၇။ ရေနွေးပုံမှန်သောက်ပေးပါ

ရေနွေးနွေးလေးက အစာအိမ်အတွက် ကောင်းပါတယ်။ အစာအိမ်မကောင်းရင်လည်း ဝက်ခြံ ဖြစ်နိုင်တာကြောင့် အစာအိမ်ကို ဂရုစိုက်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar