လူတိုင်းက ပုလဲလုံးလေးလို ဖြူဖွေးညီညာတဲ့ သွားများ ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမယ့် ဓာတုဆေးဝါးများနဲ့ သွားဖြူအောင် ပြုလုပ်ရတာမျိုးနဲ့ သွားဆေးခန်းသွားပြီး စက်ပစ္စည်းတွေနဲ့ သွားဖြူအောင် ပြုလုပ်ရမှာမျိုးကိုတော့ ကြောက်ကြပါတယ်။

ထိုကဲ့သို့ ကြောက်ရွံ့တတ်သူများအတွက် မီးဖိုချောင်ထဲမှာရှိတဲ့ အစားအစာများနဲ့ သွားများကို သဘာဝအတိုင်းဖြူဝင်းလာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းကောင်းလေးကို ဝေမျှပေးချင်ပါတယ်။

နနွင်းမှုန့် သွားဖြူဆေး

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပင်စိမ်းရွက်အဆီ ၂ စက်၊ ၃ စက်ခန့်ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့အနှစ်ကို သွားတိုက်ဆေးကဲ့သို့ အသုံးပြုကာ ပွတ်တိုက်ပေးလိုက်ပါ။

အကျိုးကျေးဇူးတွေအနေနဲ့ကတော့ သွားကြွေလွှာ ပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားများကို ဖြူဖွေးဝင်းပစေခြင်းနဲ့ ခံတွင်းအနံ့အသက်ဆိုးများကို ဖယ်ရှားပေးခြင်းတို့ပဲဖြစ်ပါတယ်။

အုန်းဆီ

သွားမတိုက်ခင် ၁၅ မိနစ်၊ မိနစ် ၂၀ အလိုမှာ သွားများပေါ်သို့ အုန်းဆီ သုတ်လိမ်းထားလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာမှ သွားတိုက်ဆေးနဲ့ သေချာ သွားတိုက်လိုက်ပါ။

ဒီနည်းလမ်းကိုတော့ တစ်ပတ် ၂ ကြိမ်၊ ၃ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

စတော်ဘယ်ရီသီး

လတ်ဆတ်သော စတော်ဘယ်ရီသီးများကို ဇွန်းဖြင့် ချေမွပြီးနောက် ပင်လယ်ဆားဖြင့် သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့ စတော်ဘယ်ရီအနှစ်ကို သွားတိုက်တံပေါ်တင်ပြီး ၂ မိနစ်ခန့် သွားတိုက်ပေးလိုက်ပါ။

ဒီနည်းလမ်းလေးကိုတော့ နှစ်ပတ် တစ်ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့တင် လုံလောက်ပါတယ်။ ကြိမ်ဖန်များစွာ ပြုလုပ်ပါက သွားကြွေလွှာများကို ပျက်စီးသွားနိုင်တဲ့အတွက်ကြောင့် နှစ်ပတ် တစ်ကြိမ်ခန့်ထက် ပိုမလုပ်သင့်ပါဘူး။

Source: Brightside.me