လူငယ်ကောင်မလေးတွေအတွက် ဘယ်တော့မှရိုးမသွားစေမယ့် နွေရာသီဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီဖက်ရှင်လေးတွေက လူငယ်ကောင်မလေးတွေ အကြိုက်တွေ့မှာ သေချာပါတယ်။

ဒီစကပ်လေးတွေက ဝတ်ရတာပေါ့ပေါ့ပါးပါးဖြစ်ပြီး အမြင်လည်းမရိုင်းပါဘူး။ တီရှပ်အပွလေးတွေနဲ့ တွဲဝတ်လိုက်ရင် အရမ်းချစ်စရာကောင်းပြီး နွေရာသီနဲ့လည်း အလိုက်ဖက်ဆုံးပါပဲ။

ဘောင်းဘီအရှည်ဝတ်မယ်ဆိုရင် နွေရာသီမှာ အကျပ်တွေမဝတ်ပါနဲ့။ ဒီလိုဘောင်းဘီအပွလေးတွေဝတ်ပါ။ အပေါ်ကနေတော့ တီရှပ်အပွလေးတွေနဲ့့ပဲဖြစ်ဖြစ်၊ Crop Top လေးတွေနဲ့ပဲဖြစ်ဖြစ် တွဲဝတ်တာက နွေရာသီနဲ့ ပိုလိုက်ဖက်ပါတယ်။

နွေရာသီမှှာ ဂါဝန်အရှည်လက်ပြတ်လေးတွေ၊ ကြိုးတစ်လုံးလေးတွေဝတ်တာက ဝတ်ရတာ ပေါ့ပါးမှုရှိပြီး အေးစေပါတယ်။ ဒါကြောင့် နွေရာသီအတွက် မရှိမဖြစ်ဖက်ရှင်လေးထဲမှာ ပါပါတယ်။

နွေရာသီမှာတော့ ဘောင်းဘီတိုလေးတွေဝတ်ကြတာ များပါတယ်။ ဘောင်းဘီတိုလေးတွေကို တီရှပ်အပွလေးတွေနဲ့ တွဲဝတ်တာကတော့ လူငယ်ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။

အခုနောက်ပိုင်းမှာ ကော်လံနဲ့ရှပ်အင်္ကျီအကွက်လေးတွေကလည်း ခေတ်စားနေပါတယ်။ ဘောင်းဘီတိုလေးနဲ့တွဲဝတ်လိုက်ရင်တော့ နွေရာသီနဲ့လိုက်ဖက်ပြီး ကိုရီးယားစတိုင်လ်လေးလည်း ဖြစ်တာကြောင့် လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ပါတယ်။

ဂျင်းဘောင်းဘီတွေဆိုလည်း နွေရာသီမှာ အကျပ်တွေထက်စာရင် အပွလေးတွေက ပိုဝတ်လို့ကောင်းပါတယ်။ ဒီလိုဂျင်းဘောင်းဘီအပွလေးတွေကို ကြိုးတစ်လုံးလေးတွေနဲ့ တွဲဝတ်တာမျိုးက နွေရာသီနဲ့လိုက်ဖက်တဲဲ့ ဖက်ရှင်ပါပဲ။

Jumpsuit လက်ပြတ်အတိုလေးတွေ၊ ဂါဝတ်တိုလက်ပြတ်လေးတွေကတော့ နွေရာသီဖက်ရှင်ဖြစ်ပြီး လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

Photo Source: www.pinterest.com