မိတ်ကပ်ဆိုရင် အထူကြီးလိမ်းရတာ၊ ပြင်ရတာကိုမကြိုက်တဲ့ ကောင်မလေးတွေအတွက် ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ Orange vibe မိတ်ကပ်ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ပြင်ရတာလည်းလွယ်တဲ့အတွက် ထသွားထလာ everyday makeup look အတွက်တော့ အရမ်းအဆင်ပြေပါတယ်။

အရင်ဆုံး ကိုယ်လိမ်းနေကျ အောက်ခံမိတ်ကပ် foundation ကိုလိမ်းပေးပါ။ မိတ်ကပ်လိမ်းရင် လက်နဲ့မလိမ်းပဲ makeup brush, makeup sponge တို့နဲ့ လိမ်းပေးပါ။

မျက်ခုံးမွှေးကို သဘာဝဆန်ဆန်လေးပဲ ဆွဲပေးပါ။ အရမ်းထူထူကြီးနဲ့ ထင်းနေအောင် မဆွဲပါနဲ့။

Eyeshadow ခြယ်ဖို့အတွက် လိမ္မော်ရောင် eyeshadow ကိုယူပြီး မျက်ခွံပေါ်မှာ ပါးပါးလေး ခြယ်ပေးပါ။ မျက်လုံးအောက်နားကိုလည်း ပါးပါးလေး ခြယ်ပါမယ်။

အညိုဘက်သွားတဲ့အရောင်အနုလေးကိုယူပြီး မျက်ခွံနဲ့ မျက်လုံးဘေးထောင့်လေးမှာ နည်းနည်းထပ်ခြယ်ပေးပါ။ မျက်လုံးအောက်ကိုလည်း နည်းနည်းထပ်ခြယ်ပေးပါ။

Glitter eyeshadow လိမ္မော်ရောင်ကို လက်ညှိုးနဲ့ယူပြီး မျက်ခွံပေါ်ခြယ်ပေးပါ။ မျက်လုံးအောက်နားကိုလည်း ခြယ်ပေးရပါမယ်။

Eyeliner ကို တစ်ချောင်းထဲ ပါးပါးရှည်ရှည်လေး ဆွဲပေးပါ။

မျက်တောင်ကော့ဖို့ Mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင် ကော့ပေးပါ။

နှာတံဖော်ဖို့ contour palette ကိုသုံးပါမယ်။ အညိုကို အရမ်းရင့်တဲ့အရောင်မျိုး မသုံးပါနဲ့။ ပါးပါးလေးပဲ ဖော်ပေးပါ။

ပါးနီကို လိမ္မော်ရောင်ဘက်သွားတဲ့ အရောင်ဖျော့တာလေး သုံးပေးပါ။

နှုတ်ခမ်းနီကိုတော့ လိမ္မော်ရောင်တောက်တောက်လေး ဆိုးပေးပါ။

ဒါဆိုရင်တော့ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ Orange vibe makeup look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။

source:www.leeanfilm.com