ကိုရီးယားဖက်ရှင်လေးတွေကိုကြိုက်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ Simple ဖြစ်ပြီးချစ်ဖို့ကောင်းတဲ့ ကိုရီးယားစတိုင်လ် ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။ အပြင်တစ်ခါသွားဖို့ ဘယ်လိုဝတ်စားရမလဲ အမြဲစဉ်းစားနေရတဲ့ သူတွေအတွက် ဒီလိုဖက်ရှင်အိုင်ဒီယာလေးတွေက အသုံးဝင်စေမှာပါ။

ဒီလိုဘောင်းဘီလေးက ဝတ်ရတာ အရမ်းပေါ့ပါးမှုရှိပြီး ချစ်ဖို့လည်းကောင်းပါတယ်။ အင်္ကျီအဖြူလေးတွေနဲ့ တွဲဝတ်တာကတော့ အရိုးရှင်းဆုံးပဲပေါ့။

ဂျင်းဘောင်းဘီအတိုလေးတွေကို ဒီလို T Shirt လက်ပြတ်လေးတွေနဲ့ ဝတ်တာမျိုးက ပူပြင်းတဲ့နေ့မျိုးမှာ ဝတ်လို့အကောင်းဆုံးပါပဲ။

ဒီဖက်ရှင်လေးဆိုရင်လည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ကိုရီးယားမလေးတွေ၊ တရုတ်မလေးတွေ အမြဲဝတ်နေကျ ဖက်ရှင်စတိုင်လ်လေးပါ။

စကပ်အတိုလေးကိုှ ဒီလိုမျိုးလေးဝတ်တာက အမြင်မရိုင်းပဲ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ဒီလိုစကပ်အရှည်နဲ့ ဖက်ရှင်လေးဆိုလည်း ကိုရီးယားမလေးတွေ ဝတ်နေကျ ဖက်ရှင်လေးပါ။ မိန်းကလေးဆန်ပြီး ရှင်းရှင်းလေးနဲ့လှနေမှာပါ။၏

လူငယ်ကောင်မလေးတွေအတွက် ဝတ်ရတာပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းနေမယ့် ဖက်ရှင်စတိုင်လ်လေးပါ။

အခုခေတ်စားနေတဲ့ ဂျင်းဘောင်းဘီအရှည် အကားလေးတွေကို ဒီလို Top လေးတွေနဲ့ တွဲဝတ်တာမျိုးက Simple ဖြစ်ပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီဖက်ရှင်စတိုင်လ်လေးကတော့ ကိုရီးယားမလေးတွေ၊ တရုတ်မလေးတွေ ဝတ်နေကျဖြစ်တဲ့ ဖက်ရှင်လေးပါ။ စတိုင်လ်ကျနေမယ့် ပုံစံလေးဖြစ်ပါတယ်။

ဒါကတော့ ဘယ်အချိန်ဝတ်ဝတ် ရိုးမသွားပဲ လှနေမယ့် Simple ဖြစ်တဲ့ ဖက်ရှင်လေးပါ။

ဒါလည်း ကိုရီးယားမလေးတွေ အမြဲဝတ်နေကျ ရိုးရှင်းပြီးလှတဲ့ ဖက်ရှင်လေးပါ။

လက်ပြတ်ဂါဝန်အရှည်လေးတွေက မိန်းကလေးဆန်ပြီး ဝတ်ရတာလည်း ပေါ့ပါးမှုှရှိစေလို့ ပူပြင်းတဲ့နေ့မှာ ဝတ်လို့အကောင်းဆုံးပါပဲ။

Photo source:www.pinterest.com