Makeup ပြင်တဲ့အခါ ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပြီးလှတဲ့ Igari Jelly Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဒီလို Igari Makeup Look လေးတွေက 2024 မှာ အရမ်းကို Trends ဖြစ်လာအုံးမှာပါ။

အရင်ဆုံး Skincare ကို သေချာလေးလိမ်းပါမယ်။ ပြီးမှ အောက်ခံ Foundation ကို လိမ်းပါမယ်။

မျက်ကွင်းညိုတာနဲ့ အသားအရောင်မညီတာတွေကို ဖုံးဖို့အတွက် Concealer သုံးပါမယ်။

Watery Type ဖြစ်တဲ့ နှုတ်ခမ်းနီ၊ Glowy Tint လေးတွေကိုသုံးပြီးတော့ ပါးနီခြယ်ပါမယ်။ ဒါမှ Glow Look လေး ရမှာပါ။

နှုတ်ခမ်းနီကိုတော့ ပါးနီမှာသုံးထားတဲ့အရောင်ထက် နည်းနည်းရင့်တာကို သုံးပါမယ်။

မျက်ခုံးမွှေးဆွဲပြီးတော့ တစ်ချောင်းချင်းဖြစ်အောင် Brow Gel နဲ့ဖြီးပါမယ်။

အညိုရောင် Eyeliner or Lip Liner ကိုသုံးပြီးတော့ Wings လေးထွက်အောင် ပုံမှာပြထားတဲ့အတိုင်း ဆွဲပါမယ်။ မျက်လုံးအောက်နားကိုလည်း ဆွဲပါမယ်။ ဒါမှ Eye Look လေး ပိုပေါ်လွင်ပြီးလှမှာပါ။

Mascara နဲ့ မျက်တောင်ကော့ပြီး မျက်တောင်တုတပ်ပါမယ်။ မျက်တောင်တုကို အခုနောက်ပိုင်းမှာ Trends ဖြစ်တဲ့ Natural ဆန်တာမျိုးပဲ တပ်ပါမယ်။

မျက်လုံးအောက်နားကို ခုနကပါးနီခြယ်ထားတဲ့ နှုတ်ခမ်းနီကိုပဲသုံးပြီး နည်းနည်းခြယ်ပါမယ်။ နှာခေါင်းထိပ်လေးကိုလည်း နည်းနည်းပွတ်လိုက်ပါ။

အညိုရောင် Shadow ကိုသုံးပြီး နှာတံဖော်ပါမယ်။

ဒီထက်ပိုပြီး Glow ချင်ရင် Highlighter နည်းနည်းထပ်သုံးနိုင်ပါတယ်။ ဒီမှာတော့ မသုံးထားပါဘူး။

ဒါဆိုရင်တော့ ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပြီးလှတဲ့ Igari Jelly Makeup Look လေးကို ရရှိသွားပါပြီ။