ခြေသည်းပုံဖော်ရတာကို သဘောကျတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ရိုးရှင်းပြီး ချစ်ဖို့ကောင်းတဲ့ ပန်းပွင့်ပုံ ခြေသည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ခြေသည်းနီကို အနက်ရောင်ဆိုးပြီး ပန်းပွင့်ပုံလေး ပုံဖော်ထားတာကတော့ ရိုးရှင်းပြီး အရမ်းလှသလို ဘယ်တော့မှလည်း ရိုးသွားမယ့်ဒီဇိုင်းမျိုး မဟုတ်ပါဘူး။

အနက်ရောင်မကြိုက်ရင် နက်ပြာရောင်လေးဆိုးပြီးသာ ပုံဖော်ကြည့်ပါ။ နက်ပြာရောင်ဆိုးပြီး ပန်းပွင့်ပုံဖော်တာလည်း အရမ်းလိုက်ပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် ပန်းပွင့်ပုံလေးတွေက သေးသေးလေးပဲပါတာကြောင့် လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ပန်းပွင့်သေးသေးလေးတွေ ပုံဖော်ရတာကြိုက်ရင် ဒီခြေသည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ အရောင်ကလည်း အရမ်းအသားဆောင်ပါတယ်။

ဒီခြေသည်းဒီဇိုင်းနဲ့ အရောင်လေးဆိုရင် ဘိုဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ အရောင်ကလည်းငြိမ်တာကြောင့် လူတိုင်းနဲ့လိုက်ပါတယ်။

အနီနဲ့အဖြူကိုစပ်ပြီး ပုံဖော်ထားတာလေးက ရိုးရှင်းပြီး အရမ်းလှပါတယ်။ ခြေသည်းနီဆိုးရင် အနီရောင်က အလှဆုံးပါပဲ။

ဒီခြေသည်းဒီဇိုင်းနဲ့ အရောင်လေးကတော့ လူတိုင်းကြိုက်မှာ သေချာပါတယ်။ လူငယ်လူကြီး အားလုံးနဲ့လည်းလိုက်ဖက်တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ အရောင်ကလည်း အရမ်းငြိမ်တဲ့အရောင်လေးပါ။

အရောင်ဆန်းတာလေးတွေကြိုက်ရင် ဒီလိုအရောင်လေးတွေဆိုးပြီး ပန်းပွင့်ပုံကို ခြေမမှာပဲ ပုံဖော်ကြည့်ပါ။ ချစ်ဖို့ကောင်းပြီး ကိုရီးယားဆန်တဲ့ပုံစံလေးပါ။

ဒီခြေသည်းဒီဇိုင်းနဲ့ အရောင်လေးဆိုရင် အရမ်းလှပါတယ်။ ခြေထောက်ပိုဖြူပြီး လင်းသွားစေမယ့် အရောင်မျိုးဖြစ်ပါတယ်။

ပန်းပွင့်ကို ခြေသည်းမှာ အပြည့်ပုံဖော်ချင်ရင်တော့ ဒီလိုဒီဇိုင်းမျိုးကို ပုံဖော်ကြည့်ပါ။ ဒီဇိုင်းနည်းနည်းဆန်းပြီး ပေါ်လွင်စေပါတယ်။

ခရမ်းရောင်ကြိုက်တဲ့သူတွေကတော့ ဒီပန်းပွင့်ပုံ ခြေသည်းဒီဇိုင်းလေးတွေကို ရွေးချယ်လို့ရပါတယ်။ အရောင်ကအစ အရမ်းချစ်ဖို့ကောင်းပါတယ်။

photo source:www.pinterest.com