လူငယ်ဆန်ပြီး ပေါ့ပါးတဲ့ Simple ဖြစ်တဲ့ ဖက်ရှင်လေးတွေကို နှစ်သက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ Simple ဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်စတိုင်လ်တွေကို မျှဝေပေးလိုက်ပါတယ်။

ဒီဖက်ရှင်စတိုင်လ်လေးဆိုရင် ပူပြင်းတဲ့ရာသီဥတုမှာ အရမ်းဝတ်လို့ကောင်းပါတယ်။ ဝတ်ရတာ ပေါ့ပါးလွတ်လပ်မှုရှိပြီး ချစ်ဖို့လည်းကောင်းပါတယ်။

ဒီဖက်ရှင်စတိုင်လ်လေးဆိုရင် လူငယ်ဆန်ပြီး ရိုးရိုးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဘောင်းဘီကို အရောင်နုနုလေးတွေဝတ်ပြီး အပေါ်ကနေ အင်္ကျီအဖြူလေးတွေ ဝတ်တာမျိုးက ရိုးရှင်းပြီး ချစ်ဖို့ကောင်းတဲ့ Simple ဖက်ရှင်စတိုင်လ်လေးပါပဲ။

မိန်းကလေးဆန်ဆန်လေး ဝတ်မယ်ဆိုရင် ဒီဖက်ရှင်စတိုင်လ်လေးက Simple ဖြစ်ပြီး ချစ်ဖို့ကောင်းပါတယ်။ မိန်းကလေးဆန်ဆန်နဲ့ ချစ်ဖို့ကောင်းနေမယ့် ဖက်ရှင်လေးပါ။

အခုနောက်ပိုင်းမှာ ဒီလိုဂျင်းစကပ်လေးတွေကလည်း အရမ်းခေတ်စားလာပါတယ်။ အင်္ကျီအဖြူလေးတွေနဲ့တွဲဝတ်ပြီး Sneakers အဖြူလေးစီးပါ။ ရိုးရှင်းပြီး ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။

Floral Dress လေးတွေဝတ်တာက မိန်းကလေးဆန်တဲ့ ရိုးရိုးရှင်းရှင်း ဖက်ရှင်လေးပါ။ ပိုပြီးဖက်ရှင်ကျကျလေး ဖြစ်သွားချင်ရင်တော့ Boots အမဲလေးစီးပါ။

ဒီဖက်ရှင်လေးဆိုရင် ထသွားထလာအတွက်လည်း အဆင်ပြေသလို ပွဲတက်အတွက်လည်း အဆင်ပြေတဲ့ Simple ဖက်ရှင်လေးပါပဲ။

အဖြူရောင်ဂါဝန်လေးဝတ်ပြီး ဖိနပ်ကို ရိုးရိုးလေးပဲ စီးထားတာကြောင့် ရိုးရှင်းပြီးလှသလို ချစ်ဖို့လည်းကောင်းတဲ့ ဖက်ရှင်လေးပါ။

ဂျင်းစကပ်လေးတွေကို ဒီလိုအင်္ကျီလေးတွေနဲ့ တွဲဝတ်တာမျိုးက လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ Simple ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။

ဒီဖက်ရှင်စတိုင်လ်လေးဆိုရင် ထသွားထလာအတွက်လည်း အဆင်ပြေသလို ရုံးသွားကျောင်းသွားအတွက်လည်း အဆင်ပြေတဲ့ ရိုးရိုးရှင်းရှင်း ဖက်ရှင်လေးပါ။

Midi စကပ်လေးတွေ ဝတ်ရတာကြိုက်ရင် ဒီဖက်ရှင်စတိုင်လ်လေးကိုလည်း Try ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com