Makeup ပြင်တဲ့အခါ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတာမျိုးလေးတွေ ကြိုက်တဲ့သူတွေအတွက် နေ့တိုင်းပြင်ဆင်ဖို့အတွက်လည်း အဆင်ပြေအောင်လို့ Simple ဖြစ်ပြီးချစ်ဖို့ကောင်းတဲ့ Everyday Makeup Look ကို မျှဝေပေးလိုက်ပါတယ်။ ပန်းရောင်သမ်းတဲ့ Makeup Look လေးဖြစ်လို့ မိန်းကလေးဆန်ပြီး နုနုရွရွလေးနဲ့ လှနေမှာပါ။

အရင်ဆုံး Primer လိမ်းပြီး အောက်ခံ Makeup ကို လိမ်းပါမယ်။

မျက်နှာပေါ်မှာ အမဲစက်နဲ့ ဝက်ခြံ၊ အသားအရောင် မညီတာတွေ ရှိတယ်ဆိုရင် Concealer နဲ့ ဖုံးပါမယ်။

Setting Powder လိမ်းပါမယ်။ Setting Powder လိမ်းတဲ့အခါ မျက်လုံးအောက်နားကို ဖိဖိပြီး သေချာလေး လိမ်းပေးပါ။

မိန်းကလေးဆန်ပြီး နုနုရွရွလေးနဲ့ ချစ်ဖို့ကောင်းပြီး လှနေအောင် ပါးနီကို ပန်းရောင်လေးခြယ်ပါမယ်။ တလက်စထဲ နှာခေါင်းထိပ်ကိုပါ နည်းနည်းလေးပွတ်လိုက်ပါ။

Highlighter အဖြူကို နှာတံ၊ ပါးရိုးနှစ်ဖက်၊ မေးစိ၊ နဖူးအလယ်နဲ့ နှုတ်ခမ်းထိပ်အပေါ်လေးကို ခြယ်ပေးပါ။ ပါးနီကို ပန်းရောင်ခြယ်ထားတာဖြစ်လို့ Highlighter ကို ရွှေရောင်မသုံးပဲ အဖြူသုံးထားတာပါ။

Eyeshadow ခြယ်တဲ့အခါမှာတော့ အညိုဖောက်တဲ့အရောင်ကို ခြယ်ပါမယ်။

အညိုဖျော့ရောင် Eyeshadow နဲ့ပဲ နှာတံဖော်လိုက်ပါတယ်။ အရမ်းကြီးထင်းနေအောင် ဖော်စရာမလိုပါဘူး။

မျက်ခုံးမွှေးကို ကိုယ့်နဂိုရှိတဲ့အတိုင်းလေးပဲ Gel နဲ့ဆွဲတာမျိုး၊ Eyebrow Gel နဲ့ဖြီးတာမျိုး လုပ်ပေးပါ။ မျက်ခုံးမွှေးသိပ်မရှိတဲ့သူဆိုရင်လည်း အရမ်းထူထူကြီးမဆွဲပဲ Natural ဆန်ဆန်လေးပဲ ဆွဲပေးပါ။

Eyeliner ကို အညိုရောင်နဲ့ တစ်ကြောင်းထဲ ပါးပါးလေးဆွဲပေးပါ။ မျက်လုံးအောက်နားကိုလည်း အလယ်လောက်မှာ ပုံထဲကလိုဆွဲပေးပါ။ ဒါမှ မျက်လုံးပိုဝိုင်းပြီး ကျယ်သလိုလေး ဖြစ်သွားမှာပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

ရွှေရောင် Glitter Eyeshadow ကို မျက်ခွံမှာ ခြယ်ပေးပြီး မျက်လုံးအောက်နား အရှေ့ဘက်ကိုလည်း ခြယ်ပေးပါ။

နှုတ်ခမ်းနီကို ပန်းရောင်ဘက်သွားတဲ့အရောင် ဆိုးပြီးတော့ နှုတ်ခမ်းအတွင်းသားကို အနီ (သို့) လိမ္မော်ဖောက်တဲ့ အရောင်လေး ဆိုးပေးပါ။

ဒါဆိုရင်တော့ Simple ဖြစ်ပြီးချစ်ဖို့ကောင်းတဲ့ Everyday Makeup Look လေးကို ရရှိသွားပါပြီ။