ဓာတ်ပုံရိုက်ရတာကြိုက်ပေမယ့် ပို့စ်တော့သိပ်မပေးတတ်ဘူး အရမ်းမိုက်တဲ့ပို့စ်မျိုးတွေ လုပ်ရတာလည်း မကြိုက်ဘူးဆိုတဲ့ ကောင်မလေးတွေအတွက် ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် လွယ်ကူသော ပို့စ်ပေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

လှေကားမှာထိုင်ရိုက်တဲ့အခါ ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး ရိုးရိုးလေးနဲ့ လှလည်းလှပါတယ်။ လွယ်ကူတဲ့ပို့စ်လေးလည်း ဖြစ်ပါတယ်။

ခုံတွေမှာထိုင်ရိုက်တဲ့အခါမှာတော့ မျက်နှာလေးပြုံးထားပြီး ဒီလိုလေးတွေသာ ပို့စ်ပေးရိုက်ကြည့်ပါ။ ရိုးရိုးလေးနဲ့ကို အရမ်းချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။

ဆိုင်ထိုင်တဲ့အခါ ထွေထွေထူးထူးပို့စ်မပေးချင်ရင် ရှေ့မှာထိုင်နေတဲ့သူကို ဖုန်းကိုင်ခိုင်းပြီး ဒီလိုလေးသာ ခေါင်းလေးစောင်းပြီး ပြုံးလိုက်ရုံနဲ့ ချစ်ဖို့ကောင်းတဲ့ပုံလေး ရလာမှာနော်။

နောက်တစ်မျိုးပြောင်းချင်ရင်တော့ ဒီလိုလေးသာ ပါးကိုလက်လေးနဲ့ ထောက်ထားလိုက်ရုံပဲနော်။

လူငယ်ကောင်မလေးတွေဆိုရင် လက်နှစ်ချောင်းထောင်ပြီးသာ ပြုံးနေတဲ့ပုံလေး ရိုက်လိုက်ပါ။ ထွေထွေထူးထူး ပို့စ်တွေစဉ်းစားနေစရာ မလိုတော့ဘူးပေါ့။

ကော်ဖီဆိုင်တွေမှာ ရိုက်တဲ့အခါ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းလေးပါ။ တစ်ကိုယ်လုံးပုံလေးလည်း ရိုက်ချင်တယ်၊ ပို့စ်ခက်တာတွေလည်း မလုပ်ချင်ဘူးဆိုရင် ဒီပို့စ်လေးအတိုင်းသာ ရိုက်ကြည့်လိုက်ပါ။

မတ်တပ်ရပ်ပြီး တစ်ကိုယ်လုံးပုံရိုက်ချင်တယ်ဆိုရင် ဒီပို့စ်လေးက အလွယ်ကူဆုံးပါပဲ။ ဓာတ်ပုံရိုက်ရင် လက်ဘယ်နားထားရမှန်း မသိတဲ့သူတွေကလည်း ဘောင်းဘီအိတ်ကပ်သာပါရင် လက်နှစ်ဖက်လုံးသာ အိတ်ကပ်ထဲ ထည့်ထားလိုက်နော်။

အပြင်မှာရိုက်တဲ့အခါ ဒီပို့စ်လေးအတိုင်းလည်း ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ခုံတွေမှာထိုင်ရိုက်တဲ့အခါ လှလှပပသပ်သပ်ရပ်ရပ်လေးနဲ့ လှနေစေမယ့် ပို့စ်လေးပါ။ ရိုးရိုးလေးပေမယ့် လှလည်းလှသလို ချစ်ဖို့လည်းကောင်းတယ်နော်။

ဒီလိုလေးထိုင်ရိုက်တာမျိုးဆိုလည်း ချစ်ဖို့ကောင်းပါတယ်။ မျက်နှာလေးကို ရယ်တာပဲဖြစ်ဖြစ်၊ ပြုံးတာပဲဖြစ်ဖြစ် လုပ်ပြီးတော့ ရိုက်ကြည့်ပါ။

ပန်းစည်းလေးကိုင်ပြီး ရိုက်တဲ့အခါမှာ ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်းလေးပါ။ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုလိုက်မှာပါ။

အအေးဘူး၊ ကော်ဖီဘူးသာ ရှိတယ်ဆိုရင် လက်မှာဒီလိုလေးကိုင်ပြီးတော့သာ ပို့စ်ပေးရိုက်လိုက်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ပုံလေးတွေ ရလာမှာနော်။