မိတ်ကပ်သိပ်မပြင်တတ်တဲ့သူတွေနဲ့ မိတ်ကပ်ပါးပါးလေးပဲ ပြင်ရတာမျိုးကို ကြိုက်တဲ့ပျိုမေတို့အတွက် ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းသွားစေမယ့် မိတ်ကပ်ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

မိတ်ကပ်မလိမ်းခင်မှာ မျက်နှာကို Mist လေး အရင်ဖြန်းပေးပါ။ ပြီးမှ မိတ်ကပ်လိမ်းပါ။

မိတ်ကပ်သိပ်မလိမ်းတတ်တဲ့သူတွေနဲ့ မိတ်ကပ်လိမ်းဖို့ အချိန်သိပ်မပေးနိုင်တဲ့သူတွေအတွက်ကတော့ Foundation ထက်စာရင် Cushion က ပိုအဆင်ပြေပါတယ်။ မိတ်ကပ်သားလည်းညီပြီး ပိုလှပါတယ်။

မိတ်ကပ်သားပိုပြီးကြာရှည်ခံအောင် Powder လေးထပ်ပုတ်ပါ။

မျက်ခုံးမွှေးကို အရမ်းထင်းထင်းကြီးမဆိုးပဲ ကိုယ့်နဂိုမျက်ခုံးမွှေးအရာလေးအတိုင်းပဲ နည်းနည်းဆိုးလိုက်ပါ။

Eyeshadow ကို အလက်လက်တွေမပါပဲ အညိုဘက်သွားတဲ့ အရောင်လေးနဲ့ မျက်ခွံပေါ်မှာ ခြယ်ပေးပါ။ မျက်လုံးအောက် ထောင့်နားလေးတွေကိုလည်း Brush နဲ့ နည်းနည်းခြယ်ပေးပါ။

အလက်လက်လေးတွေပါတဲ့ ရွှေအိုရောင်အဖျော့ Eyeshadow ကို မျက်ခွံပေါ်မှာ ထပ်ခြယ်လိုက်ပါ။ အောက်မျက်ရစ်နားလေးကိုပါ နည်းနည်းခြယ်လိုက်ပါ။

Eyeliner ကို အမဲမသုံးပဲ အညိုရောင်သုံးပြီး တစ်ကြောင်းထဲ ပါးပါးလေးဆွဲလိုက်ပါ။

မျက်တောင်ကော့တဲ့အတံလေးနဲ့ မျက်တောင်ကော့ပြီး Mascara နဲ့ ထပ်ကော့ပါ။

ပါးနီကို မိတ်ကပ်ရောင်လေးသုံးပြီး ခြယ်ပေးပါ။

အညိုရောင် Contouring (သို့) Eyeshadow ကိုသုံးပြီး နှာတံဖော်ပေးပါ။

Highlighter ကို ရွှေရောင်သုံးပြီး နှာတံနေရာ၊ မေးစိ၊ ပါးရိုးနှစ်ဖက်နဲ့ အပေါ်နှုတ်ခမ်းအပေါ်နားလေးတွေမှာ နည်းနည်းစီခြယ်လိုက်ပါ။ ဒါမှ Glow ပြီး ပိုလှသွားမှာပါ။

နှုတ်ခမ်းနီကိုလည်း မိတ်ကပ်ရောင်ဘက်သွားတဲ့အရောင်လေးဆိုးပေးပါ။ တည်တည်ငြိမ်ငြိမ်လေးနဲ့ ပိုလှပါတယ်။

ဒါဆိုရင်တော့ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းစေမယ့် မိတ်ကပ်ပြင်နည်းလေး ပြီးသွားပါပြီ။

Source: www.lune.com