အတိုဝတ်ရတာကြိုက်တဲ့ လူငယ်ကောင်မလေးတွေအတွက် ရိုးရှင်းပြီးအထာကျတဲ့ ဖက်ရှင်စတိုင်လ်တွေကို မျှဝေပေးလိုက်ပါတယ်။ တီရှပ်နဲ့ Hoodie တွေ ဖြစ်တာကြောင့် ထသွားထလာဝတ်ဖို့အတွက်လည်း အရမ်းအဆင်ပြေတဲ့ ဖက်ရှင်တွေဖြစ်ပါတယ်။

ဒီဖက်ရှင်လေးဆိုရင် တီရှပ်အဖြူကို ဂျင်းစကပ်လေးနဲ့ တွဲဝတ်ထားတာက ရိုးရိုးလေးပါပဲ။ ခါးပတ် ၂ ခု ပတ်ထားတာနဲ့ ဖိနပ်ပုံစံကြောင့် အထာကျပြီး မိုက်သွားစေတာပါ။

Hoodie ကို ဂျင်းစကပ်လေးနဲ့ တွဲဝတ်ထားတာဆိုပေမယ့် တွဲစပ်ထားတဲ့ အရောင်လေးက ဖက်ရှင်ကျပြီး လှပါတယ်။

တီရှပ်အပွကို Biker Pant နဲ့ တွဲဝတ်ထားတဲ့ ဒီဖက်ရှင်က အရမ်းပေါ့ပါးပြီး ရိုးရိုးရှင်းရှင်းနဲ့ အထာကျပါတယ်။

တီရှပ်ကို စကပ်နဲ့တွဲဝတ်ပြီး အပေါ်ကနေ ရှပ်အင်္ကျီလေး တွဲဝတ်ထားတဲ့ ဒီဖက်ရှင်လေးဆိုလည်း အထာကျပြီး မိုက်တာပါပဲ။

ခေတ်စားနေတဲ့ စကပ်အကွက်လေးတွေကို ဘာနဲ့တွဲဝတ်ရမှန်းမသိရင် ထွေထွေထူးထူး စဉ်းစားမနေပါနဲ့။ ဒီလိုတီရှပ်လေးနဲ့သာ တွဲဝတ်လိုက်ပါ။

ဒီဖက်ရှင်လေးဆိုရင် မိုးရာသီ ဆောင်းရာသီမှာ ဝတ်လို့အကောင်းဆုံးပါပဲ။

Hoodie ကို အထာကျကျလေးဝတ်မယ်ဆိုရင် ဒီလိုလေးဝတ်ကြည့်နော်။

ရိုးရှင်းပြီး ဝတ်ရတာလည်း ပေါ့ပါးမှုရှိမယ့် ဖက်ရှင်လေးပါ။ ဘယ်တော့မှရိုးမသွားမယ့် ဖက်ရှင်လေးပါပဲ။

ဂျင်းဘောင်းဘီအတိုကို တီရှပ်အပွလေးနဲ့ တွဲဝတ်တာဆိုရင်လည်း ဘယ်တော့မှရိုးမသွားတဲ့ ဖက်ရှင်စတိုင်လ်လေးပါ။

ဒီဖက်ရှင်လေးဆိုရင် ရိုးရှင်းပြီး အထာကျတဲ့အပြင် တွဲစပ်ထားတဲ့ အရောင်လေးကလည်း ဘိုဆန်ပြီးလှပါတယ်။

အမဲရောင် တီရှပ်လေးကို စကပ်အမဲလေးနဲ့တွဲဝတ်ပြီး ခါးပတ်ပတ်ထားတာလေးက အသက်ပါပဲ။ အထာကျပြီးမိုက်ပါတယ်။ ရိုးရိုးလေးနဲ့ ဒီလိုအထာကျပြီးမိုက်အောင် ဝတ်လို့ရတယ်နော်။

Photo source:www.pinterest.com