မြန်မာ မိန်းကလေးတစ်ယောက်က မြန်မာဝတ်စုံနဲ့ ဓာတ်ပုံရိုက်မယ်၊ အပြင်သွားမယ် ဆိုရင် မြင်ရသူတိုင်းရဲ့ ရင်ထဲကို အေးချမ်းစေနိုင်ပါတယ်။ လုံလုံခြုံခြုံ မြန်မာဝတ်စုံတွေက မြန်မာမိန်းကလေးတိုင်းနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ဒီဇိုင်းတွေ ဖြစ်ပါတယ်။ အခုနောက်ပိုင်း မြန်မာ မိန်းကလေးတွေဟာ ပိုလှ ပိုပြင်ဆင်တတ်လာပြီး မြန်မာဝတ်စုံလှလှလေးတွေနဲ့ ဓာတ်ပုံလှလှလေးတွေ ရိုက်တတ်လာပါတယ်။ ဒီတစ်ခေါက်မှာတော့ မြန်မာဝတ်စုံနဲ့ ဓာတ်ပုံရိုက်ချင်လို့ပဲ ဖြစ်ဖြစ်၊ ပွဲတွေသွားရဖို့ပဲ ဖြစ်ဖြစ် ရိုးရိုး လုံလုံခြုံခြုံလေးနဲ့ လှတဲ့ မြန်မာဝတ်စုံ အိုင်ဒီယာတွေကို ဖော်ပြပါရစေ။
လိမ္မော်ရောင် ပန်းပွင့်ရိုက် ဝတ်စုံလေးက Warm Skin Tone ရှိတဲ့ မြန်မာမိန်းကလေးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။
လူငယ်ဆန်ဆန် ချစ်ဖို့ကောင်းတဲ့ မြန်မာမိန်းကလေးတွေ အိုင်ဒီယာယူနိုင်မယ့် ဒီဇိုင်းပုံစံ ဖြစ်ပါတယ်။
အစိမ်းရောင် နှစ်သက်တဲ့ ကောင်မလေးတွေ နမူနာယူနိုင်မယ့် မြန်မာဝတ်စုံ ဒီဇိုင်းလေးပါ။
Warm Skin Tone နဲ့ လိုက်ဖက်တာက လိမ္မော်ဆိုရင် Cool Skin Tone အတွက်ဆိုရင်တော့ ပန်းရောင် ပန်းပွင့်အဆင်တွေပါပဲ။
သင်တန်းတက်နေရတဲ့ မြန်မာမိန်းကလေးတွေ နမူနာယူ ချုပ်သင့်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။
ပါတိတ် ဝတ်စုံကို စိတ်ကူးကောင်းစွာ ဖန်တီးထားတဲ့ ဒီဇိုင်းလေးပါ။
ရှေးခေတ် မင်းသမီးလေးတစ်ပါး Vibe ကို သွားမယ့် ဖက်ရှင်အိုင်ဒီယာ ဖြစ်ပါတယ်။
လည်ပင်းအပိတ်လေးနဲ့ ရိုးရိုးရှင်းရှင်း လှချင်တဲ့ ပျိုမေတို့နဲ့ လိုက်ဖက်မယ့် ဒီဇိုင်း ဖြစ်ပါတယ်။
အင်္ကျီလက်ပြတ် ဒီဇိုင်းကိုမှ ထူးခြားတဲ့ ဖန်တီးမှုနဲ့ လှနေတဲ့ မြန်မာ ဝတ်စုံဒီဇိုင်းပါ။
ကြယ်သီးပုံစံ ရိုးရိုးလေးနဲ့ ဒီဇိုင်းကို လိုချင်ရင် ဒီပုံစံလေးက သင့်တော်ပါတယ်။
အင်္ကျီလတ်ပြတ် ဝတ်ရတာ နှစ်သက်တဲ့ ပျိုမေတို့ ချုပ်သင့်တဲ့ နောက်ထပ်ပုံစံတစ်မျိုး
အနက်ရောင်နဲ့ ဆွဲဆောင်မှု ရှိချင်တဲ့ မြန်မာမိန်းကလေးတွေ နမူနာ ယူသင့်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။
Photo Source is from Pinterest
Photo credit to Original Uploaders
By MyStyle Myanmar