အဖြူရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် ရိုးရှင်းပြီး လှနေစေမယ့်၊ ဘယ်တော့မှရိုးမသွားစေမယ့် ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

အဖြူကြိုက်ရင် jean skirt အဖြူလေးတစ်ထည်တော့ ဝယ်ထားပါ။ Sport shirt, T shirt အဖြူလေးတွေနဲ့ တွဲဝတ်ရင် လုံးဝကိုသန့်ပြီး ရိုးရိုးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဘယ်တော့မှလည်း ရိုးမသွားပါဘူး။

ရှပ်အင်္ကျီအဖြူလေးတွေကလည်း အဖြူရောင်ကြိုက်တဲ့သူတိုင်းမှာ ရှိထားသင့်ပါတယာ်။ စကပ်အတိုလေးတွေနဲ့ တွဲဝတ်ရင် အရမ်းချစ်ဖို့ကောင်းပါတယ်။

ရှပ်အင်္ကျီအဖြူလေးတွေက ဂျင်းဘောင်းဘီအရှည်လေးတွေနဲ့ ဝတ်မယ်ဆိုလည်း ရိုးရှင်းပြီး အရမ်းလှသလို စမတ်ကျနေစေပါတယ်။ ဘယ်အချိန်ဝတ်ဝတ် ဘယ်တော့မှရိုးမသွားမယ့် ဖက်ရှင်ပါပဲ။

အဖြူရောင်ကြိုက်ရင် ကိုယ်ကြပ်လက်ရှည်အဖြူလေးတွေလည်း ဝယ်ထားပါ။ အဲ့တာလေးတွေက ဘာနဲ့ဝတ်ဝတ် အကုန်လိုက်ပါတယ်။ ဂျင်းဘောင်းဘီအရှည်လေးတွေ၊ ဂျင်းစကပ်လေးတွေနဲ့ဆို ပိုတောင်လိုက်ပါသေးတယ်။ ရှင်းရှင်းလေးနဲ့ကို လှနေမယ့် ဖက်ရှင်လေးပါ။

ဒီလိုအင်္ကျီအဖြူလေးတွေဆိုရင် ဝတ်ရတာအရမ်းပေါ့ပါးမှုရှိပြီး ရိုးရိုးလေးနဲ့ လှပါတယ်။ ဂျင်းဘောင်းဘီလေးတွေနဲ့ တွဲဝတ်ရင်တော့ အလိုက်ဖက်ဆုံးပါပဲ။

မိန်းကလေးဆန်ပြီးလှတဲ့ အင်္ကျီအဖြူလေးတွေဆို ဒီလိုစကပ်လေးတွေနဲ့ တွဲဝတ်ပါ။ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

အဖြူရောင်ကြိုက်တဲ့သူတွေဆီမှာ နောက်ထပ်မဖြစ်မနေ ရှိရမှာကတော့ ဂါဝန်အဖြူလေးပါပဲ။ ရိုးရှင်းပြီး အရမ်းလှနေမယ့် ဖက်ရှင်လေးဖြစ်ပါတယ်။

အဖြူရောင်ကြိုက်ရင် T shirt အဖြူဗြောင်လေးတွေ ဝယ်ထားပါ။ ဂျင်းနဲ့တွဲဝတ်လည်း အဆင်ပြေသလို၊ style pant လေးတွေနဲ့ တွဲဝတ်လည်း လှနေတာပါပဲ။ နောက်ဆုံး ဒီလို ဘောင်းဘီအတိုလေးတွေနဲ့ တွဲဝတ်ရင်တောင် ချစ်ဖို့ကောင်းနေတာမျိုးပါ။

Tee အပွ အဖြူလေးတွေကို ဂျင်းဘောင်းဘီလေးတွေနဲ့ တွဲဝတ်တာက ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းသလို လူငယ်လည်းဆန်ပါတယ်။ ရိုးရှင်းပြီး ဖက်ရှင်ကျစေပါတယ်။

Photo source:www.pinterest.com