ဘောင်းဘီတိုဝတ်တိုင်း အမြင်မရိုင်းပါဘူး။ အမြင်ရိုင်းအောင် ဝတ်လို့ရသလို၊ ချစ်ဖို့ကောင်းအောင်လည်း ဝတ်လို့ရတယ်၊ အမြင်မရိုင်းပဲ ရိုးရှင်းပြီး လှနေအောင်လည်း ဝတ်လို့ရပါတယ်။ ကိုယ်ရွေးချယ်ဝတ်ဆင်လိုက်တဲ့ ဖက်ရှင်ပေါ်မှာပဲ မူတည်တာပါ။ ဒါကြောင့် ဝတ်ရတာပေါ့ပါးမှုရှိပြီး ရိုးရိုးရှင်းရှင်းနဲ့လှနေစေမယ့် ဘောင်းဘီတိုဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
ဒီလိုဘောင်းဘီတိုလေးတွေက အမြင်မရိုင်းပါနဲ့။ လူငယ်ဆန်ဆန်နဲ့ လွတ်လပ်ပေါ့ပါးပြီး ရိုးရိုးရှင်းရှင်းနဲ့ လှနေအောင် crop top tee လေးတွေနဲ့သာ တွဲဝတ်လိုက်ပါ။
ဘောင်းဘီတိုကို နည်းနည်းပွတာမျိုးလေး ရွေးဝတ်ပါ။ အမြင်မရိုင်ပါဘူး။ ပြီးရင် ရိုးရှင်းပြီး လှနေအောင် ဒီလိုအင်္ကျီအပွလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။
ဘောင်းဘီတိုအပွလေးတွေထဲမှာမှ ဒီစတိုင်လ်လေးက အခုနောက်ပိုင်းမှာ ခေတ်စားလာပါတယ်။ အမြင်မရိုင်းပဲလှတဲ့ ဘောင်းဘီတိုလေးဖြစ်လို့ အင်္ကျီအဖြူလေးတွေနဲ့ တွဲဝတ်လိုက်ရင် ရိုးရှင်းပြီး လှသွားစေပါတယ်။
ဂျင်းဘောင်းဘီအတိုဆိုလည်း အရမ်းတိုတက်နေတာမျိုးမဟုတ်ပဲ ဒီလိုအတိုမျိုးကို ရွေးဝတ်ပါ။ ပြီးရင် ရှပ်အင်္ကျီလေးတွေကို ဘောင်းဘီထဲထည့်ဝတ်ပါ။ ရိုးရှင်းပြီး စတိုင်လ်ကျကာ လှနေမှာပါ။
ဘောင်းဘီတိုအပွလေးတွေကို ရိုးရိုးရှင်းရှင်း top အဖြူအကျပ်လေးတွေနဲ့ တွဲဝတ်လို့လည်း ရပါသေးတယ်။
ဒီလိုဘောင်းဘီတိုလေးတွေကို တီရှပ်အဖြူလေးတွေနဲ့ တွဲဝတ်ပြီး ခါးပတ်လေးပတ်လိုက်မယ်ဆိုရင်တော့ ရိုးရှင်းပြီး ချစ်ဖို့ကောင်းနေမှာပါ။
ဒီလိုဘောင်းဘီတိုလေးတွေဆိုလည်း ရောင်စုံရှိပါတယ်။ ဝတ်လိုက်ရင် အရမ်းလှပါတယ်။ Tank top လေးတွေနဲ့ တွဲဝတ်ရင်လည်း ရိုးရှင်းပြီး လှနေတာပါပဲ။
Body fit အင်္ကျီလေးတွေကို ဘောင်းဘီတိုအဖြူလေးတွေနဲ့ တွဲဝတ်တာကတော့ ရိုးရှင်းပြီး အရမ်းလှပါတယ်။
ဘောင်းဘီတိုအပွအမဲလေးကို ရှပ်အင်္ကျီရောင်စုံလေးတွေနဲ့သာ တွဲဝတ်ပါ။ ရိုးရှင်းပြီး အရမ်းလှပါတယ်။
ဒီလိုဘောင်းဘီတိုကို အင်္ကျီအဖြူလှလှလေးတွေနဲ့ တွဲဝတ်ပြီး ဒေါက်ဖိနပ်လေးစီးလိုက်ရင်တော့ ရိုးရိုးရှင်းရှင်းနဲ့ လှနေမှာ သေချာပါတယ်။
ဘောင်းဘီတိုအပွလေးတွေကို cardigan လေးတွေနဲ့လည်း တွဲဝတ်လို့ရပါသေးတယ်။