မိတ်ကပ်ပြင်ရင် ရှင်းရှင်းလေးဖြစ်တာပဲ ကြိုက်တဲ့သူတွေအတွက် ရှင်းရှင်းလေးနဲ့အရမ်းလှပြီး မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်တဲ့ romantic makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး အောက်ခံမိတ်ကပ် foundation ကို makeup sponge နဲ့ လိမ်းပါမယ်။

မျက်ခုံးမွှေးဆွဲပါမယ်။

Makeup look အတွက် အသက်ဖြစ်တဲ့ eyeshadow ကို စခြယ်ပါမယ်။ လိမ္မော်ရောင် eyeshadow ကို မျက်ခွံအပေါ်နားမှာ ခြယ်ပါမယ်။

မျက်ခွံအလယ်နားကစပြီး glitter eyeshadow ခြယ်ပါမယ်။ အရောင်က rose gold or pink ဘက်သွားတာလေးဆို အဆင်ပြေပါတယ်။ မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ်။

Eyeliner ကို တစ်ကြောင်းထဲပါးပါးမျှင်မျှင်လေး ဆွဲပါမယ်။

ခရမ်းရောင် eyeshadow color ကို မျက်ရစ်နားလေးမှာ ခြယ်ပါမယ်။

Mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင်ကို ကော့ပါမယ်။

မျက်ခုံးအောက်နားလေးကို အဖြူ (သို့) အသားရောင်ဘက်သွားတဲ့ glitter eyeshadow (သို့) highlighter လေးခြယ်ပါမယ်။ မျက်လုံးထောင့်ထိပ်နားလေးကိုပါ နည်းနည်းလေးတို့ပေးပါ။

နှာတံဖော်ပြီး မေးရိုး၊ ပါးရိုး နည်းနည်းဖော်ပါမယ်။

နှုတ်ခမ်းနီကိုတော့ ပန်းရောင် lip gloss လေး အရင်ဆိုးပြီးမှ လိမ္မော်ရောင်ကို အတွင်းသားလေးကို ဆိုးပါမယ်။

မျက်ခုံးကို ပိုထင်းပြီး လှသွားအောင် mascara နဲ့ ထပ်ဖြီးပေးပါမယ်။

ဒါဆိုရင်တော့ ရှင်းရှင်းလေးနဲ့အရမ်းလှတဲ့ romantic makeup look လေးကို ရရှိသွားပါပြီ။