Purple ကြိုက်တဲ့ ကောင်မလေးတွေအတွက် ရှင်းရှင်းလေးနဲ့အရမ်းလှတဲ့ makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ကိုရီးယား makeup look မျိုး၊ glow makeup look မျိုးကို ကြိုက်တဲ့သူတွေဆိုလည်း ဒီ makeup look လေးကို သဘောကျမှာ သေချာပါတယ်။

ကိုယ်လိမ်းနေကျ foundation ကို လိမ်းပေးပါ။ ဒီမှာတော့ cushion ကိုလိမ်းထားပါတယ်။

မျက်ခုံးမွှေးဆွဲတဲ့အခါမှာ  ခဲဘက်သွားတဲ့အရောင်လေးတွေနဲ့ ဆွဲပေးပါ။

အညိုရောင်အဖျော့ eyeshadow (သို့) contour palette နဲ့ နှာတံဖော်ပေးပါ။

Pink glitter eyeshadow ကို မျက်ခွံပေါ်မှာခြယ်ပေးပါ။ မျက်လုံးအောက်နားတစ်ဝိုက်မှာလည်း နည်းနည်းခြယ်ပေးပါ။

Purple glitter eyeshadow ကိုမှ အရောင်နုနုလေးရွေးပြီး လက်နဲ့ယူကာ မျက်ခွံပေါ် ခြယ်ပေးပါ။

Purple glitter eyeshadow ကိုမှ အရောင်ရင့်တာလေးကိုတော့ eyeshadow ခြယ်တဲ့အတံလေးနဲ့ယူပြီး မျက်ရစ်နားလေးမှာ ခြယ်ပေးပါ။ အပေါ်မျက်ခွံအထိ မခြယ်ပါနဲ့။ မျက်လုံးအောက်နား ထောင့်လေးတွေကိုလည်း ခြယ်ပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ အပေါ်မျက်တောင်၊ အောက်မျက်တောင်ကိုရော ကော့ပေးပါ။

ပါးနီကိုတော့ ပန်းမိတ်ကပ်ရောင်နုနုလေးကိုသုံးပြီး ခြယ်ပါမယ်။

Eyeshadow ကို အရောင်နုတာလေးခြယ်ထားတဲ့အတွက် နှုတ်ခမ်းနီကို အရောင့်ရင့်တာဆိုးပါမယ်။ ခရမ်းဖောက်တဲ့ မရမ်းရောင်လိုမျိုး အရောင်လေးကိုဆိုးပေးပါ။ နှုတ်ခမ်းအတွင်းသားမှာ ဆိုးပေးပြီး လက်ချောင်းလေးနဲ့ blend လုပ်ပေးပါ။ ပြီးရင် နှုတ်ခမ်းအတွင်းသားကို နောက်တစ်ထပ် ထပ်ဆိုးပေးပါ။

Purple lightening ရှိတဲ့ lip gloss လေးကို နှုတ်ခမ်းဘေးသားနေရာလေးတွေကို ဆိုးပေးပါ။

နောက်ဆုံးမှာတော့ ရှင်းရှင်းလေးနဲ့အရမ်းလှတဲ့ purple makeup look လေးကို ရရှိသွားပါပြီ။