ပို့စ်သိပ်မပေးတတ်တဲ့ မိန်းကလေးတွေအတွက် Simple ဖြစ်ပြီးလှတဲ့ ပို့စ်ပေးနည်း အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာ ဘယ်လိုပို့စ်ပေးရမှန်း မသိတဲ့သူတွေကျတော့ ဒီလိုပုံလေးတွေကို ယူထားပြီးတော့ လိုက်လုပ်ကြည့်တာက အရမ်းအဆင်ပြေပါတယ်။

ခုံအမြင့်လေးရှိရင် တက်မထိုင်ပဲနဲ့ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ မျက်နှာလေးက ပြုံးပြီးနေရင် ပိုလှတဲ့ပုံကောင်းလေး ဖြစ်သွားမှာပါ။

မတ်တပ်ရပ်ပြီး ပို့စ်ပေးတဲ့အခါ ဘက်ဘယ်နားထားရမှန်း မသိဘူးဆိုတဲ့သူတွေကျတော့ ဒီပုံလေးထဲကအတိုင်း Try ကြည့်ပါ။

လှလှပပဆိုင်လေးတွေမှာ သွားစားတဲ့အခါ မေးထောက်တဲ့ပို့စ်လေးကို ဒီလိုဘေးတစ်စောင်းလေးနေပြီး လုပ်ကြည့်ပါ။ Simple ဖြစ်ပြီး မိန်းကလေးဆန်ဆန်တဲ့ အရမ်းလှပါတယ်။

Snap ပုံလေးလိုချင်ရင် ဒီလိုလေး ရိုက်လို့ရပါတယ်။

ပန်းစည်းလေးနဲ့ ဓာတ်ပုံရိုက်တဲ့အခါ ပို့စ်သိပ်မပေးတတ်ရင် ပန်းစည်းပိုက်ပြီး ငုံ့ကြည့်နေတဲ့ပုံလေးကို ပြုံးပြီးပို့စ်ပေးကြည့်ပါ။

မတ်တပ်ရပ်ပြီး တစ်ကိုယ်လုံးရိုက်ပေမယ့် လက်ဘယ်နားထားရမှန်းမသိရင် ထွေထွေထူးထူး စဉ်းစားမနေပါနဲ့။ ဒီလိုလေးသာ လက်ပိုက်ပြီး ပို့စ်ပေးလိုက်ပါ။

ခုံမှာထိုင်ရိုက်တဲ့အခါ ရိုးရိုးလေးနဲ့ မိန်းကလေးဆန်ပြီး လှနေစေမယ့် ပို့စ်ပေးနည်းလေးပါ။ ထိုင်တဲ့ပုံစံလေးကိုသာ သေချာလေးပုံထဲကအတိုင်း ထိုင်ကြည့်ပါ။ ပုံကောင်းတစ်ပုံ ရလာပါလိမ့်မယ်။

ဒီလိုခြေချိတ်ထိုင်တဲ့ ပို့စ်လေးကလည်း လုပ်ရတာလွယ်ကူပြီး လှပတဲ့ပုံကောင်းလေး ရစေပါတယ်။

လှလှပပလေး ဝတ်စားထားတဲ့အခါ မတ်တပ်ရပ်ပြီးရိုက်ရင် ခြေထောက်လေးနှစ်ဖက်ကို Cross ပုံစံလေးယှက်ပြီး ထားကြည့်ပါ။ ခေါင်းလေးနည်းနည်းစောင်းပြီး လက်တစ်ဖက်က ပိုက်ဆံအိတ်လေး ကိုင်ထားပါ။ အရမ်းလှတဲ့ ပုံကောင်းလေး ထွက်လာပါလိမ့်မယ်။

မြင်ကွင်းရှင်းတဲ့ ဒီလိုခုံနေရာလေးမှာ ထိုင်ရိုက်မယ်ဆိုရင် ကင်မရာရှေ့ တည့်တည့်မနေပဲ နည်းနည်းတစ်စောင်းလေးနေပြီး ခြေချိတ်ထိုင်ပါ။ မျက်နှာက ကင်မရာကိုမကြည့်ပဲ အဝေးကိုကြည့်နေတဲ့ပုံလေး ပို့စ်ပေးကြည့်ပါ။ လက်ပြင်ကုန်းနေတာမျိုး မဖြစ်ဖို့က အရေးကြီးပါတယ်။

Photo source:www.pinterest.com