မိန်းကလေးတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ တည်ငြိမ်ပြီးလှနေစေမယ့် ပို့စ်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ခေတ်စားနေတဲ့ပို့စ်တွေထက် တည်ငြိမ်တဲ့ ရိုးရိုးလေးတွေကို ကြိုက်ရင်တော့ ဒီပို့စ်အိုင်ဒီယာလေးတွေက အသုံးဝင်ပါလိမ့်မယ်။

ဒီလိုလေးထိုင်ပြီး ပို့စ်ပေးတာက ရိုးရိုးလေးနဲ့ တည်ငြိမ်ပြီးလှတဲ့ပုံစံလေး ဖြစ်စေပါတယ်။ ပုံထဲကလို ခေါင်းလေးနည်းနည်းစောင်းပြီး ပြုံးဖို့လည်း မမေ့ပါနဲ့။

ဒီလိုလေးလက်ပိုက်ထိုင်ပြီး မျက်နှာထားကိုတည်ထားရင် ချေမိုးနေတဲ့ပုံစံလေးနဲ့ တည်ငြိမ်ပြီး အရမ်းလှတဲ့ look မျိုးရစေပါတယ်။

မြန်မာဝတ်စုံလေးတွေ ဝတ်ပြီးရိုက်မယ်ဆိုရင် ဒီပို့စ်အိုင်ဒီယာလေးက အရမ်းအသုံးဝင်ပါတယ်။ တည်ငြိမ်ပြီး အရမ်းလှပါတယ်။ Portrait ရိုက်ရင်တော့ ပိုလှတဲ့ ပုံကောင်းလေး ထွက်လာမှာပါ။

နေရာလှလှလေးမှာ ထိုင်စားနေတဲ့ပုံလေး ရိုက်မယ်ဆိုရင် portrait နဲ့ရိုက်ပြီး ဒီလိုလေးပို့စ်ပေးကြည့်ပါ။ Snap ပုံလေးနဲ့ အရမ်းလှပါတယ်။

ဒီလိုလေးထိုင်ပြီး ရယ်နေတဲ့ပုံလေးဆိုလည်း ရိုးရှင်းပြီး အရမ်းလှပါတယ်။ Snap ပုံစံလေးဖြစ်လို့ ပိုပြီးသဘာဝကျပါတယ်။

ခုံမှာခြေထောက်ချိတ်ပြီး ဒီလိုလေးထိုင်ပြီး ပို့စ်ပေးတာကတော့ တည်ငြိမ်တဲ့ပုံစံလေးနဲ့ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

အနီးအနားမှာပန်းရှိရင် ကောက်ကိုင်ပြီး ဒီလိုလေးသာ ပို့စ်ပေးလိုက်ပါ။ ရိုးရိုးလေးနဲ့ အရမ်းလှပါတယ်။ ပြုံးနေဖို့တော့လိုပါမယ်။

ဒီတိုင်းလေးမတ်တပ်ရပ်ပြီး တစ်ဖက်ကိုပြုံးပြီး ကြည့်နေတဲ့ပုံလေးတွေလည်း ရိုက်ကြည့်ပါ။

ဂါဝန်လေးဝတ်ထားရင် လမ်းလျှောက်နေတဲ့ ဒီလိုပုံလေးကို ပို့စ်ပေးပြီး သေချာရိုက်ကြည့်ပါ။ တည်ငြိမ်တဲ့ပုံစံလေးနဲ့ snap ပုံကောင်းလေး ဖြစ်လာစေပါတယ်။

ဒီပို့စ်လေးဆိုရင် လျှပ်တပြတ်ရိုက်လိုက်တာနဲ့တောင် တူပါသေးတယ်။ ရိုးရိုးလေးနဲ့ လှနေတာပါပဲ။ ဘာမှလည်း ထွေထွေထူးထူး ပို့စ်ပေးနေစရာတောင် မလိုပါဘူး။

Photo source:www.pinterest.com