လက်သည်းကို ဒီဇိုင်းတွေ၊ ပန်းချီတွေ ပုံဖော်ပြီးဆွဲရတာမျိုး မကြိုက်တဲ့သူတွေအတွက် ရှင်းရှင်းလေးနဲ့လှတဲ့ လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးတွေဖြစ်တာကြောင့် သဘောကျမယ်လို့ ထင်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရောင်လေးက ဘိုဆန်ပြီး ရွှေရောင်ကမာလေးတွေ ကပ်ထားတာကြောင့် အသားဆောင်ပြီး အရမ်းလှပါတယ်။

လက်သည်းနီဆို အမဲရောင်ပဲကြိုက်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို Try ကြည့်ပါ။ အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် လူငယ်ကောင်မလေးတွေ ပိုပြီးသဘောကျမှာပါ။ အရောင်လေးတွေက ဘိုဆန်ပြီး အသားဆောင်သလို စပ်ထားတာလေးကလည်း ဒီဇိုင်းဆန်းပါတယ်။

ကျောက်စိမ်းရောင်လေးဖြစ်တာကြောင့် အသားဆောင်ပြီး အရမ်းလှပါတယ်။ ကိုယ်သွားလုပ်တဲ့ဆိုင်မှာ ဒီအရောင်လေးရှိရင် သေချာပေါက်ပုံဖော်ကြည့်ပါ။

အနီရောင်နဲ့လိုက်ဖက်တဲ့ အရောင်လေးကို စပ်ဆိုးထားတဲ့အပြင် ငွေရောင်နဲ့ဖောက်ထားတာလေးက လင်းပြီး အရမ်းလှပါတယ်။ အနီရောင်ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။

နောက်ထပ် ဒီလိုလေးလည်း စပ်ပြီးဆိုးလို့ရပါသေးတယ်။ ကြည့်လိုက်တာနဲ့ ထင်းပြီး အရမ်းလှနေမှာ သေချာပါတယ်။

ဘိုဆန်ပြီး အရောင်ငြိမ်တာလေးပဲ ကြိုက်တယ်ဆိုရင်တော့ ဒီလိုလေးသာဆိုးကြည့်ပါ။ ရှင်းရှင်းလေးနဲ့ ဘယ်တော့မှလည်း ရိုးမသွားတဲ့ ဒီဇိုင်းလေးပါ။

ပန်းစည်ရောင်လေးကို စပ်ဆိုးထားတာလေးက လင်းပြီး အရမ်းလှပါတယ်။ ကြည့်လိုက်တာနဲ့ ထင်းပြီး လက်လည်းပိုပေါ်လွင်သွားစေမှာပါ။ အသားဖြူရင်တော့ ဒီအရောင်လေးကို ဆိုးဖြစ်အောင် ဆိုးကြည့်ပါ။

အရောင်ငြိမ်ပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လူကြီးလူငယ် အားလုံးနဲ့လည်း လိုက်ဖက်ပါတယ်။

အဖြူရောင်နဲ့ ငွေရောင်ကို စပ်ထားတာဖြစ်တဲ့အတွက် ရှင်းရှင်းလေးနဲ့ Simple ဖြစ်ပြီး အရမ်းလှပါတယ်။

ဒီအရောင်လေးနဲ့ ဒီဇိုင်းလေးကတော့ လူကြီးတွေ အရမ်းသဘောကျမှာ သေချာပါတယ်။ အရောင်ငြိမ်ပြီး အရမ်းလည်းလှပါတယ်။

Photo source:www.pinterest.com