ရုံးသွား၊ ကျောင်းသွားနဲ့ ထသွားထလာအတွက် အရမ်းအဆင်ပြေပြီး Daily Look ပြင်ဖို့အတွက်ဆိုလည်း ရိုးရှင်းပြီးလှပတဲ့ Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ရိုးရှင်းတာကြောင့် Makeup သိပ်မပြင်တတ်တဲ့သူတွေအတွက်တောင် လွယ်ကူပြီးအဆင်ပြေမှာပါ။

အရင်ဆုံး Skincare တွေလိမ်းပြီး Primer လိမ်းပါမယ်။

ပြီးမှ အောက်ခံ Foundation or Cushion ကိုယ်ကြိုက်တာ လိမ်းနိုင်ပါတယ်။  မျက်ကွင်းညိုတာကိုဖုံးကို Concealer နည်းနည်းလိမ်းပါမယ်။ မညိုတဲ့သူဆိုရင် မလိမ်းလည်း အဆင်ပြေပါတယ်။

အသားရောင် Eyeshadow ကို မျက်ခွံမှာခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း နည်းနည်းခြယ်ပါမယ်။

အညိုရောင်အဖျော့ Eyeshadow ကို မျက်ခွံမှာ ထပ်ခြယ်ပါမယ်။

Mascara နဲ့မျက်တောင်ကော့ပါမယ်။ မျက်တောင်တုတပ်ချင်ရင် Natural ဆန်တာမျိုးလေးကို တပ်ပေးပါ။

Eyeliner ကို Gel Eyeliner သုံးပြီးတော့ မျက်လုံးအတွင်းနားကပ်ပြီး ပါးပါးလေးဆွဲပါမယ်။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲပြီးရင် Brush နဲ့ဖြီးဖို့ မမေ့ပါနဲ့။

အားလုံးပြင်ပြီးတော့မှ Powder လိမ်းပါမယ်။

နှာတံဖော်ပြီး ပါးနီခြယ်ပါမယ်။ ပါးနီကိုတော့ ပန်းရောင်နုနုလေးပဲသုံးပြီးတော့ ခြယ်ပါမယ်။

နှုတ်ခမ်းနီဆိုးတဲ့အခါမှာလည်း ပန်းရောင်လေးပဲဆိုးပါမယ်။ Lip Gloss လေးထပ်ဆိုးရင် ပိုလှပါတယ်။

ပါးရိုးနှစ်ဖက်၊ နှာတံ၊ မေးစိစတဲ့နေရာတွေကိုတော့ Highlighter ခြယ်ပါမယ်။

ဒါဆိုရင်တော့ Daily Look အတွက် ရိုးရှင်းပြီးလှပတဲ့ Makeup Look လေးကို ရရှိသွားပါပြီ။