Makeup လိမ်းပြီးပြင်ဆင်ခြယ်သတဲ့အခါမှာ Color တောက်တောက်ကြီးတွေ ပြင်ဆင်ရတာမျိုးကို မကြိုက်တဲ့ မိန်းကလေးတွေအတွက် အလုပ်သွားတဲ့အခါမှာပဲဖြစ်ဖြစ် Daily ပြင်ဆင်ဖို့အတွက် အရမ်းအဆင်ပြေပြီး ရိုးရှင်းလှပတဲ့ Makeup Look ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Foundation လိမ်းပါမယ်။

အသားအရောင်မညီတဲ့နေရာကို Concealer လိမ်းပါမယ်။

Nude Color Eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ်။

Eyeliner အညိုရောင်ကိုသုံးပြီး Eyeliner ကို မျက်လုံးအတွင်းနားကပ်ပြီး ပါးပါးမျှင်မျှင်လေး ဆွဲပေးပါ။

အညိုရောင် Eyeshadow ကို Eyeliner Wing အပေါ်နားကစပြီး ပုံမှာခြယ်ပြထားသလိုလေး ခြယ်ပေးပါ။ မျက်လုံးအောက်နားထောင့်လေးကိုပါ ထပ်ခြယ်ပေးပါ။

အောက်မျက်လုံးအတွင်းနားကပ်ပြီး မျက်ခမ်းစပ်နေရာလေးတွေကို အညိုရောင် Eyeshadow နဲ့ Line ဖော်ပေးပါ။ ဒါမှ မျက်လုံးလေးထင်းပြီး ဝိုင်းဝိုင်းလေးနဲ့ ပိုလှသွားမှာပါ။

ရွှေညိုရောင်ဘက်သွားတဲ့ Glitter Eyeshadow (သို့) Highlighter ကို မျက်ခွံမှာခြယ်ပေးပါ။ မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ်။

Mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင်ကို ကော့ပါမယ်။

နှာတံဖော်ပြီး မေးရိုးနည်းနည်းချပါမယ်။ Contour Palette ကို အညိုရောင်ထက် အသားရောင်လိုမျိုး အရောင်ဖျော့တာကိုသုံးတာ ပိုကောင်းပါတယ်။

ပါးနီကိုတော့ Cream Type လေးသုံးထားပါတယ်။ Peach Color အနုလေးကိုသုံးထားပါတယ်။

ရွှေညိုရောင်ဘက်သွားတဲ့ Highlighter နဲ့ ပါးရိုးနေရာ၊ ပါးမို့နဲ့ မေးစိနေရာလေးတွေကို နည်းနည်းစီခြယ်ပါမယ်။

နှုတ်ခမ်းနီကိုလည်း Nude Color ဘက်သွားတဲ့ အရောင်ငြိမ်တာလေးပဲ ဆိုးပါမယ်။

နောက်ဆုံးမှာတော့ မျက်ခုံးမွှေးဆွဲလိုက်ရင် အားလုံးပြီးသွားပါပြီ။

ဒါဆိုရင်တော့ အလုပ်သွားတဲ့အခါမှာပဲဖြစ်ဖြစ် Daily ပြင်ဆင်ဖို့အတွက် ရိုးရှင်းလှပတဲ့ Makeup Look လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။