မိုးရာသီနဲ့ ဆောင်ရာသီမှာ ဝတ်ဖို့အတွက် Simple ဖြစ်ပြီးလှတဲ့ လက်ရှည်ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ထသွားထလာအတွက်လည်း အဆင်ပြေသလို ရုံးသွား၊ သင်တန်းသွားအတွက်လည်း အဆင်ပြေတဲ့ ဖက်ရှင်လေးတွေ ဖြစ်ပါတယ်။

ဒီလိုအင်္ကျီလက်ရှည်လေးတွေဆိုရင် ဂျင်းဘောင်းဘီလေးတွေ အထဲကို ထည့်ဝတ်ပြီး Sneakers လေးစီးလိုက်ရင် ရိုးရှင်းပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ဒီဖက်ရှင်လေးဆိုလည်း ရိုးရှင်းပြီး ကိုရီးယားဆန်ဆန်နဲ့ လှပနေတဲ့ ဖက်ရှင်လေးပါ။

ကုတ်ကိုမှ ဒီလိုဗြောင်ရှင်းလေးဝတ်ပြီး Skinny ဘောင်းဘီလေးတွေနဲ့ တွဲဝတ်လိုက်ရင် Simple ဖြစ်ပြီး စတိုင်လ်ကျကာ လှပစေပါတယ်။ ဒါကတော့ ရုံးသွားဖက်ရှင်လေးအဖြစ်နဲ့ အလိုက်ဖက်ဆုံးပါပဲ။

ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျပြီး လှနေမယ့် ဖက်ရှင်လေးဆိုရင်တော့ ဒီဖက်ရှင်လေးကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

ရာသီဥတုအေးတဲ့နေ့တွေမှာဆိုရင် ဒီလိုဆွယ်တာလေးကို ဂျင်းဘောင်းဘီအရောင်ဖျော့တာလေးနဲ့ တွဲဝတ်ပြီးတော့ Sneakers လေးစီးလိုက်မယ်ဆိုရင် ရိုးရှင်းပြီး ကိုရီးယားဆန်ဆန်နဲ့ ချစ်ဖို့ကောင်းနေမှာပါ။

ကြည့်လိုက်တာနဲ့ Simple ဖြစ်ပြီး ရှင်းရှင်းလေးနဲ့ လှနေမယ့် ဖက်ရှင်လေးပါ။ ဒေါက်ဖိနပ်လေးစီးလည်းလှသလို Sneakers စီးလည်း လှနေမှာပါပဲ။

Cardigan အပွလေးကို ဂျင်းဘောင်းဘီနဲ့ ဒီလိုလေးတွဲဝတ်တာက Simple ဖြစ်ပြီး ဖက်ရှင်ကျလှပစေပါတယ်။ ကိုရီးယားစတိုင်လ်လေးကြိုက်ရင် ဒီလိုလေးဝတ်ကြည့်နော်။

ပေါ့ပေါ့ပါးပါးပုံစံလေး ဝတ်ရတာကြိုက်ရင်တော့ ဒီလိုလေးဝတ်ကြည့်ပါ။ ဒါလည်း ကိုရီးယားမလေးတွေ ဝတ်နေကျ စတိုင်လ်လေးပါပဲ။

ဒီဖက်ရှင်လေးဆိုလည်း Simple ဖြစ်ပြီး စတိုင်လ်ကျလှပစေပါတယ်။ ထသွားထလာအတွက်ရော၊ ရုံးသွား၊ သင်တန်းသွားအတွက်ရော အရမ်းကိုအဆင်ပြေပါတယ်။

ရှပ်အင်္ကျီအဖြူလက်ရှည်လေးကို ဒီလိုဂျင်းလေးနဲ့ အထာကျကျလေးလည်း တွဲဝတ်လို့ရပါသေးတယ်။ အရိုးရှင်းဆုံးနဲ့ အလှဆုံးပါပဲ။

ဒီလိုချစ်စရာကောင်းတဲ့ အင်္ကျီလက်ရှည်လေးတွေဆိုရင် နွေရာသီမှာ ဝတ်လို့တောင် အဆင်ပြေပါသေးတယ်။ ဂျင်းဘောင်းဘီလေးတွေနဲ့ တွဲဝတ်တာတော့ ရိုးရှင်းပြီးလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

Photo source:www.pinterest.com