Makeup ပြင်တဲ့အခါမှာ နေ့တိုင်းပြင်ဆင်ဖို့အဆင်ပြေပြီး ရှင်းရှင်းလေးနဲ့ လှလည်းလှနေစေမယ့် Korean Natural Glow Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး အောက်ခံ Foundation ကို လိမ်းပါမယ်။

အမဲစက်နဲ့ ဝက်ခြံရှိတဲ့နေရာကို Concealer နဲ့ ဖုံးပါမယ်။ အများကြီးယူလိမ်းတာမျိုး မလုပ်မိပါစေနဲ့။ နည်းနည်းချင်းစီပဲ ယူလိမ်းပေးပါ။ ပြီးရင် Setting Spray ဖြန်းပါမယ်။

အသားရောင် Eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားလေးကိုလည်း ခြယ်ပါမယ်။

ပုံမှာပြထားတဲ့ အရောင် ၂ ရောင်ကို စပ်ခြယ်ပါမယ်။

ကိုယ့်မှာက အဲ့အရောင် Eyshadow မရှိရင် တခြား မိတ်ကပ်ရောင်ဖြစ်တာလေးတွေ၊ ပန်းရောင်အနုလေးတွေ၊ လိမ္မော်ရောင်အနုလေးတွေလည်း ခြယ်လို့ရပါတယ်။

Natural Look လေးဖြစ်လို့ ခဲရောင်အရင့်ဖြစ်တဲ့ Eyeshadow အရောင်ကိုပဲသုံးပြီး Eyeliner လိုမျိုးဆွဲပါမယ်။

အဖြူရောင် Glitter Eyeshadow ကို မျက်လုံးအောက်နားမှာ နည်းနည်းခြယ်ပါမယ်။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ မျက်တောင်ကို တစ်မျှင်ချင်းဖြစ်အောင် သေချာလေးကော့ပေးပါ။

မျက်ခုံးမွှေးကို အရမ်းမဲနက်နေအောင်မဆွဲပဲ သဘာဝဆန်ဆန်လေးပဲ ဆွဲပေးပါ။ မျက်ခုံးမွှေးဆွဲပြီးရင် Brush နဲ့ဖြီးဖို့ မမေ့ပါနဲ့။

ပါးနီကို မိတ်ကပ်ရောင် (သို့) အသားရောင်ဘက်သွားတဲ့ Glitter ပါတာမျိုးကို သုံးထားပါတယ်။

အဖြူရောင် Highlighter ကို ပါးရိုးနေရာလေးတွေ ခြယ်ပါမယ်။ နှာတံနဲ့ မေးစိကိုလည်း ခြယ်ပါမယ်။

နှုတ်ခမ်းနီကို Lip Gloss အရောင်ငြိမ်တာလေး ဆိုးပါမယ်။

ဒါဆိုရင်တော့ ရှင်းရှင်းလေးနဲ့လှတဲ့ Korean Natural Glow Makeup Look လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။