Makeup ပြင်ဖို့ အချိန်သိပ်မရတဲ့သူတွေနဲ့ မျက်လုံးကို Eyeshadow မခြယ်ချင်တဲ့သူတွေအတွက် Eyeshadow ခြယ်စရာမလိုပဲ ရှင်းရှင်းလေးနဲ့လှတဲ့ Igari Makeup Look ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ရှင်းရှင်းလေးနဲ့လှတာကြောင့် နေ့တိုင်းပြင်ဆင်ဖို့လည်း အရမ်းအဆင်ပြေတဲ့ Makeup Look လေးဖြစ်ပါတယ်။

အရင်ဆုံးအောက်ခံ Foundation လိမ်းပါမယ်။ လက်နဲ့မလိမ်းပဲ Makeup Sponge နဲ့ သေချာလေးလိမ်းပေးပါ။

အသားအရောင်မညီတဲ့နေရာနဲ့ အမဲစက်၊ ဝက်ခြံရှိတဲ့နေရာတွေကို Concealer လိမ်းပါမယ်။

ပါးနီကို Natural Look လေးနဲ့ Glow နေအောင်လို့ Glowy Lip Tint လေး သုံးပြီးတော့ပဲ ခြယ်ထားပါတယ်။ ဒီမှာတော့ Peripera Glowy Tint လေးကို သုံးထားပါတယ်။

Powder လိမ်းပါမယ်။ Powder လိမ်းတဲ့အခါမှာလည်း မျက်နှာတစ်ပြင်လုံးကို ပွတ်လိမ်းပစ်တာမျိုးမလုပ်ပဲနဲ့ Brush နဲ့ နည်းနည်းလေးလိမ်းတာမျိုး၊ မျက်လုံးအောက်နားတွေကို ဖိဖိပြီးလိမ်းတာမျိုး လုပ်ပေးပါ။

မျက်ခုံးမွှေးရှိပြီးသားသူဆိုရင် Eyebrow Gel နဲ့ဖြီးတာလောက်ပဲ လုပ်ပေးပါ။ မျက်ခုံးမွှေးမရှိတဲ့သူဆိုရင်တော့ Natural ဆန်ဆန်လေး ဆွဲပေးပါ။

Gel Eyeliner အညိုရောင်နဲ့ Eyeliner ဆွဲပါမယ်။ ပြီးရင် အညိုရောင်ဘက်သွားတဲ့ Color အဖျော့လေးနဲ့ Shade လုပ်ပေးပါ။ မျက်လုံးအောက်နားကိုလည်း အညိုရောင်ဘက်သွားတဲ့ Color အဖျော့လေးနဲ့ပဲ ဆွဲပေးပါ။

Mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင် ကော့ပါမယ်။ ပြီးရင် Eye Look လေးပိုလှပြီး ထင်းသွားအောင်လို့ မျက်တောင်တုတပ်ပါမယ်။

အညိုရောင် Eyeshadow or Contour Palette နဲ့ နှာတံဖော်ပါမယ်။

နောက်ဆုံးမှာတော့ Glowy Tint ပန်းရောက်ဘက်သွားတဲ့ Color လေးကို ဆိုးပါမယ်။

ဒါဆိုရင်တော့ Eyeshadow ခြယ်စရာမလိုပဲ ရှင်းရှင်းလေးနဲ့လှတဲ့ Igari Makeup Look လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။