အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဆံပင်လှလှလေးလုပ်ရတာ ကြိုက်နှစ်သက်တဲ့ ပျိုမေတို့အတွက် ရိုးရှင်းပြီးလှပတဲ့ဆံပင်ပြင်ဆင်ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

နေ့စဉ်သွားလာရာမှာ ဆံပင်နဲ့ပတ်သက်လို့ ပျိုမေတိုင်းနီးပါး ဆံပင်ပုံစံတစ်ခုခုတော့လုပ်လေ့ရှိကြပါတယ်။ ဆံပင်ကိုဘာမှမလုပ်ရင်တောင် အဖြောင့်လေးအတိုင်း၊ အကောက်လေးအတိုင်း ချထားတာ၊ စည်းတာမျိုး လုပ်လေ့ရှိပါတယ်နာ်။

ဒီတခါမှာတော့ ဆံပင်တစ်ဝက်ကို ကျစ်ဆံမြီးကျစ်တာ၊ စည်းတာ၊ ဆံထုံးထုံးတာနဲ့ပဲဖြစ်ဖြစ် ပြုလုပ်ထားတဲ့ ဆံပင်ပုံလှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဆံပင်အဖြောင့်လေးပဲဖြစ်ဖြစ်၊ ဆံပင်အကောက်လေးပဲဖြစ်ဖြစ် အရမ်းကို လှနေမှာသေချာပါတယ်နော်။

စာဖတ်သူတို့လည်း ဒီလိုဆံပင်ပုံစံလေးတွေကို သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

Photo: Pinterest