Everyday Look အတွက်ဆိုရင် Heavy ဖြစ်တဲ့ Makeup Look တွေထက် ရိုးရှင်းတာလေးက ပိုလှပါတယ်။ ဒါကြောင့် ရိုးရှင်းပြီး အရမ်းလှတဲ့ ကြည်တောက်ရှင်း Glow Makeup Look ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ဒီလို Glow Look လေးရဖို့ဆိုရင် Skincare သေချာလိမ်းရပါမယ်။ နေ့ဘက်ဆို Sunscreen လည်းလိမ်းဖို့မမေ့ပါနဲ့။

Skincare သေချာလိမ်းပြီးပြီဆိုရင် Makeup စလိမ်းပါမယ်။ Foundation, Cushion ကြိုက်တာ သုံးလို့ရပါတယ်။ ဒီမှာတော့ Cushion သုံးထားပါတယ်။

ပြီးရင် Powder ပုပ်ပါမယ်။ အများကြီးယူပြီးလိမ်းတာမျိုး မလုပ်ပါနဲ့။

မျက်ခုံးမွှေးကို သပ်သပ်ရပ်ရပ်နဲ့ လှလှလေးဖြစ်အောင် သေချာဆွဲပေးပါ။ မျက်ခုံးဆွဲတာမလှရင် Makeup Look က ပြောင်းလဲသွားစေပါတယ်။

အသားရောင် Eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ်။ ရိုးရှင်းတဲ့ Look လေးဖြစ်လို့ Eyeshadow ကို တစ်ရောင်ပဲခြယ်ပါမယ်။

Eyeliner ကို ထင်းနေအောင်မဆွဲပဲနဲ့ Gel Pencil နဲ့ အတွင်းနားကိုကပ်ပြီးဆွဲပေးပါ။ ပြီးရင် ထောင့်အစွန်းနားကို နည်းနည်းဆွဲပြီး Brush နဲ့ Blend လုပ်လိုက်ပါ။ ဒါဆိုရင် အရမ်းမထင်းတော့ပါဘူး။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ ပိုပြီး ရိုးရှင်းတဲ့ သဘာဝဆန်တဲ့ Look လေးဖြစ်အောင်လို့ အောက်မျက်တောင်ကို မကော့ပါဘူး။

ပါးနီခြယ်ဖို့အတွက် Lip Gloss လေးကိုသုံးပြီးတော့ ခြယ်ပါမယ်။ အရောင်ကတော့ လိမ္မော်နီရောင်၊ အနီရောင်၊ ပန်းရောင်တောက်တောက်လေးတွေ သုံးလို့ရပါတယ်။ လက်လေးနဲ့ ပုပ်ပုပ်ပြီးခြယ်ပေးပါ။ ပိုပြီး သဘာဝဆန်ပါတယ်။

Glow Look နဲ့လိုက်ဖက်အောင် နှုတ်ခမ်းနီကိုလည်း Lip Gloss or Lip Tint လေးပဲ ဆိုးပေးပါ။ အုတ်ကျိုးရောင် (သို့) အညိုကို လိမ္မော်နည်းနည်းဖောက်တဲ့အရောင် အဲ့လိုမျိုးလေးတွေ ဆိုးပေးတာက ပိုလှပါတယ်။ အဲ့အရောင်တွေမရှိလည်း ပါးနီခြယ်ထားတဲ့အရောင်တွေပဲ ဆိုးပေးလည်း ရပါတယ်။

ဒါဆိုရင်တော့ Everyday Look အတွက် ရိုးရှင်းပြီးအရမ်းလှတဲ့ Glow Makeup Look လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။