Makeup အများကြီးလိမ်းပြီးပြင်ဆင်ရတာမျိုးကို မကြိုက်တဲ့ မိန်းကလေးတွေအတွက် ရှင်းရှင်းလေးနဲ့ Glow ပြီးလှတဲ့ Daily Minimal Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Skincare လိမ်းပြီးတော့မှ Foundation or Cushion ကိုလိမ်းပါမယ်။

Contour Stick နဲ့ ပါးရိုးနေရာကို နည်းနည်းလိမ်းပြီး Brush နဲ့ Blend လုပ်ပါမယ်။ ပြီးရင် မေးရိုးကိုပါ အဲ့ Brush နဲ့ပဲ Blend လုပ်ပါမယ်။

အသားအရောင်ညီအောင် Concealer လိမ်းပါမယ်။

ပန်းရောင် Lip Gloss လေးကိုသုံးပြီးတော့ ပါးနီခြယ်ပါမယ်။

Powder လိမ်းပါမယ်။ Brush နဲ့ပဲယူပြီး လိမ်းပါမယ်။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးကို သေချာလှလှပပလေးဆွဲပေးပါ။ ဒါမှ ထင်းပြီးလှနေမှာပါ။

Eyeliner ကို တစ်ချောင်းထဲ ပါးပါးမျှင်မျှင်လေးဆွဲပါမယ်။

ပါးနီခြယ်ထားတာလေး ပိုထင်းသွားအောင် ပန်းရောင် Blusher လေးကို ထပ်လိမ်းပါမယ်။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

Glow Look လေးလိုချင်တဲ့အတွက် Highlighter ထပ်သုံးပါမယ်။ ပါးရိုးနေရာ၊ နှာတံ၊ မေးစိ၊ မျက်ခုံးနားတွေကို လိမ်းပေးပါ။

နှုတ်ခမ်းနီကိုလည်း Lip Gloss လေးပဲဆိုးပါမယ်။ ဒါမှ စိုစိုပြောင်ပြောင်လေးနဲ့ Glow Look နဲ့လိုက်ဖက်နေမှာပါ။

ဒါဆိုရင်တော့ ရှင်းရှင်းလေးနဲ့ Glow ပြီးလှတဲ့ Daily Minimal Makeup Look လေးကို ရရှိသွားပါပြီ။