Eyeshadow လည်းခြယ်စရာမလိုပဲ ရိုးရိုးရှင်းရှင်းလေးနဲ့ လှနေမယ့် Drunk Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ Eyeshadow ခြယ်နေစရာမလိုတော့ အချိန်ကုန်သက်သာပြီး မြန်မြန်ပြင်လို့ပြီးမယ်၊ Eyeshadow မခြယ်တတ်တဲ့သူတွေအတွက်လည်း အဆင်ပြေတာပေါ့။ ဒီ Makeup Look လေးက အလုပ်များတဲ့သူတွေအတွက်လည်း အရမ်းအဆင်ပြေပါတယ်။

အရင်ဆုံး Primer လိမ်းပြီး ကိုယ်လိမ်းနေကျ Foundation လိမ်းပါမယ်။

မျက်ကွင်းညိုတဲ့နေရာ၊ အမဲစက်၊ ဝက်ခြံရှိတဲ့နေရာ၊ နှုတ်ခမ်းဘေးဘက်နဲ့ မေးစိနေရာလေးတွေကို Concealer လိမ်းပါမယ်။

မေးရိုးနဲ့ ပါးရိုးနေရာလေးကို Contouring နည်းနည်းလုပ်ပါမယ်။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲပြီးတိုင်းမှာ Brush နဲ့ ပြန်ဖြီးပေးဖို့ မမေ့ပါနဲ့။

မျက်လုံးမပြင်ပေမယ့်လည်း မျက်လုံးလေးလှနေဖို့အတွက် Mascara နဲ့တော့ မျက်တောင်ကော့ပါမယ်။

Drunk Makeup Look အတွက် အသက်ဖြစ်တဲ့ ပါးနီခြယ်ပါမယ်။ ပါးနီကို Powder Type မသုံးပဲ Liquid Type လေးသုံးတာက ပိုလှပါတယ်။ Liquid Type မရှိလည်း နှုတ်ခမ်းနီကိုသုံးပြီး ခြယ်လို့ရပါတယ်။ ဒီမှာလည်း နှုတ်ခမ်းနီနဲ့ပဲ ပါးနီခြယ်ထားပါတယ်။

နှုတ်ခမ်းနီဆိုးဖို့ကိုလည်း ပါးနီခြယ်ထားတဲ့အရောင်လေးပဲ ဆိုးပါမယ်။

နှာခေါင်းထိပ်၊ ပါးရိုးနှစ်ဖက်နဲ့ အပေါ်နှုတ်ခမ်းထိပ်လေးကို Highlighter ခြယ်ပါမယ်။ ဒါမှ Glow ပြီး ပိုလှသွားမှာပါ။

ဒါဆိုရင်တော့ Eyeshadow လည်းခြယ်စရာမလိုပဲ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းလှတဲ့ Drunk Makeup Look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။