Dinner ပွဲသွားစရာရှိတယ်၊ ဘယ်လိုပြင်သွားရမလဲမသိဘူး ဖြစ်နေတယ်ဆိုရင် ကိုယ့်အနေနဲ့ heavy ဖြစ်တဲ့ makeup look မျိုးပြင်ချင်လား၊ အရမ်း heavy မဖြစ်တာမျိုး ပြင်ချင်လားဆိုတာ အရင်စဉ်းစားပါ။ တကယ်လို့ အရမ်း heavy ဖြစ်တာမျိုး မပြင်ချင်ဘူးဆိုရင်တော့ dinner ပွဲနဲ့လည်းလိုက်ဖက်ပြီး ရှင်းရှင်းလေးနဲ့လှနေစေမယ့် sunset makeup look လေးကို ပြင်ကြည့်ပါ။ ပြင်ရတာလည်း မခက်ခဲသလို၊ ရှင်းပြီး လှနေတော့ ကြည့်ရတာလည်း ပေါ့ပါးသွက်လက်တဲ့ပုံစံလေး ဖြစ်စေတာပေါ့။

အရင်ဆုံး primer လိမ်းဖို့ မမေ့ပါနဲ့။ ပြီးမှ foundation လိမ်းပါ။ Coverage ကောင်းတဲ့ foundation မျိုးကို ရွေးသုံးပေးပါ။ Foundation ကို လက်နဲ့မလိမ်းပါနဲ့။ Foundation brush (သို့) makeup sponge နဲ့ လိမ်းပေးပါ။

Eyeshadow ခြယ်ထားတာ ပိုပြီးကြာရှည်ခံအောင် eye primer လိမ်းပေးပါ။ မျက်ကွင်းညိုတာနဲ့ အမဲစက်တွေကို ဖုံးဖို့အတွက်ကတော့ ထုံးစံအတိုင်း concealer လိမ်းပါမယ်။

ရွှေရောင် gold glitter eyeshadow ကို မျက်ခွံပေါ်မှာ များများလေးသာ ခြယ်ပေးပါ။ အရင်လက်နဲ့ယူခြယ်ပြီးမှ brush နဲ့ blend လုပ်ပေးပါ။

အညိုဘက်သွားတဲ့ glitter eyeshadow ကို မျက်လုံးအောက်နားလေးမှာ ခြယ်ပါမယ်။ ထောင့်တွေကို များများခြယ်ပေးပါ။ မျက်ခွံထောင့်နားလေးကိုလည်း နည်းနည်းထပ်ခြယ်ပေးပါ။

Eyelash curler နဲ့ မျက်တောင်ကိုညှပ်ပြီး အရင်ကော့ပါ။ ပြီးမှ mascara နဲ့ မျက်တောင်ကော့ပါမယ်။ အပေါ်မျက်တောင်ရော အောက်မျက်တောင်ပါ ကော့ပါမယ်။

မျက်လုံးလေးပိုနက်ပြီး ဆွဲဆောင်မှုရှိသွားအောင် eyeliner ကို အတွင်းနားကပ်ပြီး ဆွဲပါမယ်။ ဘေးဘက်ကို wing ထွက်မဆွဲသလို၊ မျက်ခွံပေါ်အထူကြီးဖြစ်အောင်လည်း လုံးဝမဆွဲပါဘူးနော်။ မျက်လုံးအတွင်းနားကိုပဲ ကပ်ပြီးဆွဲမှာပါ။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးကို အစိမ်းဘက်သမ်းတဲ့ အရောင်မျိုး ရွေးထားပါတယ်။

နဖူး၊ နားထင်နဲ့ မေးရိုးတစ်လျှောက်ကို bronzer နဲ့ ခြယ်ချပါမယ်။ Bronzer ကို အသားရောက်ဘက်သွားတဲ့ အရောင်မျိုးပဲ ရွေးသုံးပါတယ်။

ပါးနီကိုတော့ sunset look နဲ့လိုက်အောင် လိမ္မော်ရောင်လေး သုံးပါမယ်။ Brush နဲ့ယူပြီး လက်ဖဝါးမှာ အရင်ပွတ်လိုက်ပါ။ ပြီးမှ ပါးကိုခြယ်ပါ။ ဒါမှ အရမ်းတောက်သွားတာမျိုးမဖြစ်မှာပါ။

Highlighter ကို ပါးရိုးနှစ်ဖက်၊ နားထင်၊ နှာတံ၊ မျက်ခုံးနှစ်ခုကြား၊ အပေါ်နှုတ်ခမ်းအထက်၊ မေးစိနေရာတွေကို ခြယ်ပေးပါ။

Sunset look ဖြစ်အောင် နှုတ်ခမ်းနီကိုပါ orange gold shade လေးဆိုးပါမယ်။

ဒါဆိုရင်တော့ dinner ပွဲနဲ့လိုက်ဖက်ပြီး ရှင်းရှင်းလေးနဲ့လှနေစေမယ့် ပြီးပြည့်စုံသော sunset makeup look လေးကို ရရှိသွားပါပြီ။