Purple ကြိုက်တဲ့ ကောင်မလေးတွေအတွက် ရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိပြီးလှတဲ့ Purple Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ အသားဖြူဖြူ၊ ညိုညို အားလုံးနဲ့လိုက်ဖက်တဲ့ Look လေးလည်း ဖြစ်ပါတယ်။

အရင်ဆုံး အောက်ခံမိတ်ကပ် Foundation လိမ်းပြီး မျက်ကွင်းညိုတဲ့နေရာ၊ အမဲစက်ရှိတဲ့နေရာတွေကို Concealer သုံးပါ။

ပန်းရောက်ဘက်သွားတဲ့ Eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။ မျက်လုံးအောက်ကို ပါးပါးလေးခြယ်ပေးပါ။ Purple Look ပြင်မယ်ဆိုပြီး Purple တန်းခြယ်တာမျိုး မလုပ်ပါဘူး။

Purple Glitter Eyeshadow ကို လက်ချောင်းလေးနဲ့ပဲယူပြီး မျက်ခွံမှာတင်ပေးပါ။ ပြီးမှ Brush နဲ့ Blend လုပ်ပါမယ်။

Purple ကိုမှ အရောင်နုတဲ့ Glitter Eyeshadow ကိုယူပြီး မျက်လုံးအရှေ့ထောင့်လေးမှာ ခြယ်ပါမယ်။

မျက်လုံးအောက်နားလေးကိုတော့ Purple Glitter Eyeshadow ပါးပါးလေး ခြယ်ပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပြီး Eyeliner ကို အတွင်းသားကနေကပ်ပြီး ပါးပါးလေဆွဲပါမယ်။ Wings ထွက်အောင် ဆွဲပေးပါ။

ပါးနီကို အသားရောင်ဖောက်တာလေး ခြယ်ပါမယ်။ အရမ်းထင်းတဲ့အရောင်တွေ မသုံးပါဘူး။

ရွှေရောင်ဖောက်တဲ့ Highlighter ကို ပါးရိုးနှစ်ဖက်၊ နားထင်နှစ်ဖက်၊ နှာတံနဲ့ နဖူးအလယ်၊ မေးစိကို သုံးပေးပါ။

မျက်ခုံးမွှေးကို ခဲဖောက်တဲ့အရောင်သုံးပြီး လိုက်ဖြည့်ဆွဲပါမယ်။ ပြီးမှ Eyebrow Gel or Mascara နဲ့ ဖြီးပေးလိုက်ပါ။

နောက်ဆုံးမှာတော့ နှုတ်ခမ်းနီကို Nude Color ဘက်သွားတဲ့အရောင်မျိုး ရွေးဆိုးပါမယ်။

ဒါဆိုရင်တော့ ရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိပြီးလှတဲ့ Purple Makeup Look ကို ရရှိသွားပြီပဲဖြစ်ပါတယ်။