လမ်းခွဲပြီးသား တစ်ချိန်ကရည်းစားဟောင်းနဲ့ ပြန်ပေါင်းထုတ်ချင်တဲ့သူ ရှိရောရှိပါ့မလားလို့ မေးခွန်းထုတ်ချင်ထုတ်ပါလိမ့်မယ်။ မယုံမရှိပါနဲ့ အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲခဲ့ပေမယ့် နောက်ထပ်အချစ်သစ်လဲမရှာ လက်ရှိအချိန်အထိ သူမှသူပဲ မမေ့နိုင်ဖြစ်နေတဲ့သူတွေ လောကမှာအများကြီးရှိပါတယ်။ ကိုယ်ကလည်း သူနဲ့ပြန်ပေါင်းထုတ်ချင်တယ် ကိုယ့်ချစ်သူရည်းစားဟောင်းကလည်း လက်ရှိအချိန်ထိ တစ်ယောက်ထဲပဲဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေနဲ့ သူ့ရဲ့အချစ်တွေတဖန်ပြန်ရဖို့ ကြိုးစားကြည့်ပါ။

(၁) အဆက်အသွယ်ပြန်လုပ်ပါ

Source: Pinkvilla

အဆက်အသွယ်ပြန်လုပ်တဲ့နေရာမှာ ကိုယ့်အနေနဲ့ လိမ္မာပါးနပ်ဖို့လိုပါတယ်။ အချိန်ကြာကြီးအဆက်သွယ်ပြတ်ပြီးမှ ချက်ချင်းဖုန်းတွေဆက်တာ ဆိုရှယ်မီဒီယာက စာတွေသွားပို့တာမျိုးက သူ့အနေနဲ့ ငြင်းဆန်လိုက်ဖို့ အခွင့်အရေးပိုများပါတယ်။ အရင်ဆုံးသူဘာတွေလုပ်နေလဲ ဘယ်သင်တန်းတွေတက်နေလဲ ဘယ်အလုပ်ခွင်မှာဝင်နေလဲ စသည်ဖြင့်စုံစမ်းပါ။ သေချာပြီဆိုတော့မှ သူရှိမယ့်နေရာမျိုးကိုသွားပြီး မထင်မှတ်ပဲ ရုတ်တရက်ပြန်တွေ့တဲ့ပုံစံနဲ့ Intro ဝင်ပါ။

(၂) အမှတ်တရတွေပြန်ပြောပြပါ

Source: LoveDevani

မိန်းကလေးတွေက အထူးသဖြင့် သူတို့နဲ့ပတ်သတ်တဲ့ ထူးထူးခြားခြားအရာတွေကို မှတ်မိနေတတ်ကြပါတယ်။ ဥပမာ အချိန်တွေအကြာကြီး ဝေးကွာသွားတာတောင်မှသူ့ရဲ့မွေးနေ့ကို မှတ်မိနေသေးတာမျိုး သူနဲ့စတွေ့တဲ့နေ့က ဝတ်ဆင်ထားတဲ့အကျီ ၤအရောင်ကို ပြောပြတာမျိုးက သူကိုအကြီးကြီးဟက်ထိစေမှာပါ။

(၃) ရင့်ကျက်လာကြောင်းပြပါ

Source: The Modern Man

တစ်ချိန်က မရင့်ကျက်သေးတဲ့ အတ္တတွေ မာနတွေကြောင့် အဆင်မပြေမှုတွေ ပြဿနာတွေဖြစ်ပြီး လမ်းခွဲခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အများကြီးပြောင်းလဲသွားပြီဖြစ်ကြောင်း ပြသပါ။ အတွေးအခေါ်တွေ စကားအပြောအဆိုတွေကအစ အရင်လို ကလေးဆန်တဲ့အပြုအမူတွေမရှိတော့ပဲ တည်ငြိမ်ရင့်ကျက်တဲ့ အနေအထားတစ်ခုကိုရောက်ရှိနေပြီဆိုတာ သူသိပါစေ။ မရင့်ကျက်ခဲ့တဲ့ တစ်ချိန်ကအမှားတွေအတွက်လည်း နောင်တရကြောင်း ထုတ်ဖော်ပြောကြားပါ။

(၄) အပြင်မှာတစ်ရက်လောက်ဒိတ်ပါ

Source: The Economics Times

တစ်ရက်တစ်ရက်အွန်လိုင်းမှာပဲစကားပြောနေတာမျိုးသိပ်ပြီးထိရောက်မှာမဟုတ်ပါဘူး။ဒါကြောင့်အပြင်မှာတစ်ရက်လောက်ဒိတ်ကြည့်ပါ။နေလည်စာတစ်ရက်လောက်အတူတူစားတာမျိုး ညနေဘက်ကျောင်းဆင်းချိန်(သို့)ရုံးဆင်းချိန်တွေမှာတွေ့ပြီးမုန့်စားတာမျိုးစတဲ့ပုံစံလေးတွေနဲ့ အပြင်မှာဒိတ်ကြည့်ပါ။ဒိတ်တဲ့နေရာမှာလည်း ဟိုတစ်ချိန်ချစ်သူတွေဖြစ်ခဲ့စဉ်ကစားခဲ့ဖူးတဲ့ဆိုင်လေးတွေမှာ ပြန်ဒိတ်ခြင်းက အမှတ်တရတွေကိုပြန်လည်နိုးဆွသလိုဖြစ်စေပြီးသင့်အပေါ်စိတ်ပြန်ယိုင်လာစေမှာဖြစ်ပါတယ်။

By MyStyle Myanmar