ကိုယ့်အတွက်မကောင်းတဲ့သူ၊ အဆိပ်အတောက်ဖြစ်စေတဲ့သူတွေကို အနားမှာထားရင် ကိုယ်ပဲပိုပြီး ထိခိုက်နာကျင်ရပါတယ်။ ဒါကြောင့် ကိုယ့်အတွက်အဆိပ်အတောက်ဖြစ်စေတဲ့လူတွေကို ဘဝထဲကနေ ဆွဲထုတ်နိုင်မယ့်နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

လျစ်လျူရှုထားပါ

ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့သူတွေကို လျစ်လျူရှုပြီး မသိချင်ယောင်ဆောင်နေတာ အကောင်းဆုံးပါပဲ။ တစ်ခုခုဆို စိတ်ထဲထည့်ပြီး လိုက်ခံစားနေရင် ကိုယ်ပဲပိုနာကျင်ရပါတယ်။

သံယောဇဉ်ဖြတ်ပါ

ဒီလိုလူတွေအပေါ် သံယောဇဉ်ဖြတ်ထားတာ အကောင်းဆုံးပါပဲ။ သံယောဇဉ်ဖြတ်ဖို့ မလွယ်ကူရင်တောင် ကြိုးစားပြီး ဖြေးဖြေးချင်းစီ သံယောဇဉ်ဖြတ်ပါ။ ချစ်သူရည်းစားဆိုရင် နာစရာတွေကို တွေးပြီး ဖြတ်ပါ။ ပျော်စရာတွေ ပြန်မတွေးပါနဲ့။ ကိုယ့်အပေါ်မကောင်းခဲ့တာတွေကို များများတွေးမှ စိတ်နာပြီး သံယောဇဉ် တစ်ဖြေးဖြေးကုန်လာမှာပါ။

ကိုယ်စိတ်ပျော်ဖို့ကိုဦးစားပေးပါ

ကိုယ့်စိတ်ပျော်စေမယ့်အရာတွေကို ဦးစားပေးလုပ်ဆောင်ပြီး ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပါ။ ကိုယ်လုပ်ချင်တာကိုလုပ်ပြီး ပျော်အောင်နေပါ။ တစ်ယောက်ထဲလည်း ဖြစ်တယ်၊ ဘယ်သူ့မှမလိုဘူးဆိုတဲ့စိတ်ထားပါ။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုအားကိုးတတ်လာပြီး ယုံကြည်မှုပိုရှိလာမယ်။ ပိုပြီးပျော်ရွှင်လာရမယ်။ ဘယ်သူ့ကိုမှလည်း လိုအပ်တော့မှာမဟုတ်တဲ့အတွက် ပိုပြီး ကြံ့ခိုင်လာပါလိမ့်မယ်။

Photo Source: www.pinterest.com