ပိုးသား အင်္ကျီတွေက နူးညံ့ပြီး တောက်ပတဲ့ အဝတ်အစား ဖြစ်တာကြောင့် စိတ်နူးညံ့ပေမယ့် လုပ်စရာ ရှိတာကို သတ္တိရှိရှိ လုပ်ပြီး တောက်ပတဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်တတ်ပါတယ်။ ဒီဝတ်စုံအမျိုးအစားကို ညဘက် ပွဲတက်တဲ့အချိန်နဲ့ ချစ်သူနဲ့ ညဘက်ဒိတ်တဲ့အခါ အဝတ်များကြပါတယ်။ ပိုးသားဖက်ရှင်တွေက အမျိုးသားတွေရဲ့ မျက်လုံးထဲ ပိုဆွဲဆောင်မှု ရှိကြပါတယ်။ သင့်အပြင်အဆင်ကိုလည်း မှော်စွမ်းအားနဲ့ ဆွဲဆောင်မှု အများကြီးရှိအောင် ပြောင်းလဲလိုက်သလို ရအောင် ပိုးသား Outfit က စွမ်းဆောင်နိုင်ပါတယ်။

ချစ်သူကောင်လေးရှိတဲ့ မိန်းကလေးတွေကော၊ ဆွဲဆောင်မှုရှိရှိ လှချင်တဲ့ မိန်းကလေးတွေမှာကော အနည်းဆုံး တစ်ထည်လောက်တော့ ပိုင်ဆိုင်ထားသင့်ပါတယ်။ ပိုးသားဝတ်စုံမှာမှ ပုံစံအမျိုးမျိုး ရှိတာကြောင့် ဒီအကြောင်းအရာမှာတော့ ဒီပုံစံတွေကို ဖော်ပြပါရစေ။ သင်နှစ်သက်တဲ့ ဆွဲဆောင်မှု အပြည့်ပေးနိုင်မယ့် ပိုးသား Outfit လေးကို လ်ိုက်ရှာလိုက်ပါနော်-

ခဲသားအရောင်ကိုမှ အကွဲလေးနဲ့ ချစ်စရာလေးပါ

အစိမ်းရောင်နှစ်သက်သူတွေအတွက် ကျောက်စိမ်း ပိုးသားလေး

အစိမ်းကိုမှ လက်ရှည်

အဖြူရောင် ပိုးသားနှစ်သက်တဲ့ ပျိုမေတို့အတွက်

အရောင်စပ်ဝတ်ချင်သူတွေအတွက်

ဆွဲဆောင်မှု ပိုရှိသွားစေမယ့် အနီနဲ့ ခရမ်းရောင်

အင်္ကျီလက်ပြတ် မဝတ်ချင်သူတွေအတွက် အပေါ်က အင်္ကျီလက်ရှည် အပါးလေး ထပ်ဝတ်တာ၊ အပေါ်က ခေါင်းစွပ် ထပ်ဝတ်တာမျိုး ပြုလုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar