MyStyle Myanmar ပရိသတ်တို့ရေ..ဒီနေ့မှာတော့ ဘယ်လိုစိတ်နေသဘောထားမျိုးက သင့်ပျော်ရွှင်မှုကို တားဆီးပိတ်ပင်နေသလိုဖြစ်ပြီး မိတ်ဆွေစစ်မိတ်ဆွေကောင်းတွေနဲ့ ဝေးစေသလဲဆိုတဲ့အကြောင်းအရာလေးကို ဝေမျှပေးချင်ပါတယ်။ ဒီလိုအကျင့်စရိုက်လေးတွေ ရှိနေတယ်ဆိုရင် သင့်ဘ၀ ပျော်ရွှင်တော့မှာမဟုတ်သလို လုံခြုံစိတ်ချမှုလည်း ရှိတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အခုဖော်ပြမယ့် အကျင့်ဆိုးတွေက သင့်ဆီမှာရှိနေရင် အခုကစတင်ပြီးပြင်လိုက်ရအောင်နော်။

ဘဝကို မကောင်းတဲ့ဘက်ကပဲ မြင်နေတယ်

ဘဝကို မကောင်းတဲ့ဘက်ကပဲ အမြဲတမ်းတွေးနေ စဉ်းစားနေတယ်ဆိုရင် ဘာမှမဟုတ်တာလေးကိုလည်း မကျေနပ်တာ စိတ်ဆိုးတာမျိုးဖြစ်တတ်တယ်ဆိုရင် သင့်ကိုယ်သင်အမြန်ဆုံး ပြင်ဆင်သင့်ပါတယ်။

တခြားသူအကြာင်းမကောင်းပြောခြင်း

တခြားသူတွေရဲ့ အကြောင်းကို အမြဲတမ်း မကောင်းပြောဖို့ပဲ စဉ်းစားနေတယ်ဆိုရင် သင်ဘယ်လိုမှ စိတ်ချမ်းသရမှာမဟုတ်ပါဘူး။ အခုလို တခြားသူတွေကို အမြဲဝေဖန်တတ်နေရင် သင့်ကိုသင် ပြုပြင်ပြောင်းလဲလိုက်ပါ။

သင့်ကိုယ်သင် ဒရမ်မာချိုးလွန်းတယ်

တချို့သူတွေက သူ့တို့ဘ၀ ဇာတ်မနာနာအောင်၊ သနားလာအောင် အမျိုးမျိုး ဒရမ်မာချိုးပြောတတ်ကြပါတယ်။ ဒီလိုအလေ့အကျင့်တွေကို ရှောင်သင့်ပါတယ်။

အမြဲတမ်းလိမ်ပြောနေတယ်

လိမ်တယ်ဆိုတာ ကောင်းတဲ့စိတ်ကူးတစ်ခုမဟုတ်ပါဘူး။ သေးသေးလေးကိုပဲလိမ်လိမ် ကိစ္စကြီးကြီးကိုပဲလိမ်လိမ် သင့်ကိုပဲ ထိခိုက်နာကျင်စေပြီး တခြားသူတွေ သင့်ကို ယုံကြည်တော့မှာမဟုတ်ပါဘူး။

တခြားသူတွေဆီက အရမ်းမျှော်လင့်တယ်

တခြားတစ်ယောက်ဆီက ကိုယ်ဘာရမလဲဆိုတဲ့ မျှော်လင့်ချက်ကြီးကြီးမားမားထားတယ်ဆိုတာ မကောင်းပါဘူး။ သင်က ပေးဖို့မစဉ်းစာဘဲ ရယူလိုဖို့ပဲ စဉ်းစားနေတယ်ဆိုရင် သင့်စိတ်နေစိတ်ထားကို ပြင်ဆင်သင့်ပါတယ်။

ဒီလိုအကျင့်ဆိုးတွေ ဘယ်ကရလာသလဲဆိုတော့..

တစ်ချို့သူတွေက အရင်အခုလို စိတ်နေသဘောထားမျိုးမရှိကြပေမယ့် အပေါင်းအသင်းကြောင့် ကိုယ်အရင်းနှီးဆုံးသူရဲ့ သွေးထိုးစကားတွေကြောင့် အခုလို ပြောင်းလဲသွားတတ်ပါတယ်။ အချိန်မီပြင်ဆင်ပြီး အခုလို အဆိပ်အတောက်ဖြစ်စေတဲ့ သူငယ်ချင်းတွေကို အကောင်းဆုံးဖယ်ခွာတာ၊ ဒါမှမဟုတ် သူတို့ကို အကြံဉာဏ်ပေးပြုပြင်ပေးတာမျိုး လုပ်သင့်ပါတယ်။ သင့်မှာ အခုလို စိတ်နေသဘောထားမျိုးရှိနေရင် သင်ဘယ်တော့မှ ပျော်ရွှင်ရမှာ မဟုတ်သလို မိတ်ဆွေကောင်းတွေလည်း ရှိလာနိုင်မှာမဟုတ်ပါဘူး။