တချို့တွေက ရည်းစားထားမယ်ဆိုရင် ရပါလျက်နဲ့ တမင်ကို ရည်းစားမထားသူတွေ ရှိပါတယ်။ သူတို့က အကြောင်းအမျိုးမျိုးကြောင့် ရည်းစားလုံးဝ မထားချင်တော့သူတွေ ဖြစ်ပါတယ်။ ကြိုက်စရာ လူမရှိတာ မဟုတ်သလို၊ သူတို့ကို ကြိုက်မယ့်သူ မရှိတာလည်း မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်ကကို ရည်းစားမထားချင်တာပါ။ သင်က ဒီလိုလူဖြစ်ကြောင်း အောက်ဖော်ပြပါ လက္ခဏာတွေက ဖော်ပြနေပါတယ်။

၁။ လူတွေအကြောင်းက သင့်ကို အာရုံနောက်စေတယ်

သင်က လူတွေအနားနေရင်းနဲ့ကို သူတို့နဲ့ အဆင်မပြေတာပါ။ ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်ဘဲ အာရုံနောက်စရာတွေဆိုရင် အမြင်မကြည်တတ်သူတွေပါ။ လူတွေက သင့်ကို ချီးကျူးလိုက်ရင်လည်း မနေတတ် မထိုင်တတ်နဲ့ ဘယ်လိုမှကို အဆင်မပြေတာပါ။ ဒါကြောင့် ရည်းစားထားဖို့က သူတို့အတွက် ခက်ခက်ခဲခဲ ဖြစ်နေတတ်ပါတယ်။

၂။ အနည်ထိုင်သွားတာ

အရင်ရည်းစားတုန်းက အနာဟောင်းတွေက သင့်ကို နှောင့်ယှက်နေတုန်းပါ။ Wrong Person တွေနဲ့ပဲ ဆုံတာ များလာတဲ့အခါ အချစ်ရေးကို သိပ်မတွေးချင်တော့ဘဲ ဘယ်သူနဲ့မှ မတွဲတာက ပိုနှလုံးအေးကြောင်း ယုံကြည်သွားသူတွေ ဖြစ်ပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်တော့တယ်

ရည်းစားမထားတာ ကြာတဲ့သူအများစုက ရည်းစားမရှိလည်း ဘဝက ဘာမှမဖြစ်ဘူးဆိုတာ နားလည်သွားတတ်ကြပါတယ်။ ဒါကြောင့် ချစ်သူထားတာကို အပိုအလုပ်လို့မြင်ပြီး သူတို့ လုပ်စရာရှိတာကိုပဲ အာရုံထား လုပ်တတ်ပါတော့တယ်။ လက်ရှိအချိန်မှာ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ချင်တော့တယ်ဆိုတဲ့သူတွေက ရည်းစားထားဖို့ စိတ်မပါတော့ပါဘူး။

၄။ စိတ်မရှည်သူ

လူတစ်ယောက်နဲ့ လက်တွဲကာ ရေရှည်အတွက် စဉ်းစားခြင်းကို သင်စိတ်မရှည်တတ်ပါဘူး။ ဖြစ်သင့်တဲ့နေရာ၊ ဖြစ်သင့်တဲ့ အချိန်မှာ ဖြစ်ကို ဖြစ်ရမယ်လို့ တွေးထားသူတွေ ဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာ သည်းခံနိုင်စရာ မရှိရင် သင်က ရှေ့ဆက် စိတ်ရှည်ကာ မစောင့်ဆိုင်းချင်ပါဘူး။

၅။ တခြားစိတ်ဝင်စားစရာတွေ သင့်ဘဝမှာ အပြည့်ရှိတယ်

ရည်းစားထက် အရေးကြီးတဲ့ အရာတွေက သင့်ဘဝမှာ နေရာယူသွားတဲ့အခါ ဒိတ်ဖို့ သင့်ဆီမှာ စိတ်ကူးမရှိတော့ပါဘူး။ ဒီထက် စိတ်ဝင်စားစရာ ကောင်းတယ်လို့ သင်ထင်တဲ့ နေရာတွေမှာပဲ သင့်အချိန်တွေကို ကုန်ဆုံးတတ်ပါတယ်။ လူတစ်ယောက်က သင့်ကို စိတ်ဝင်စားနေတာကိုလည်း သင်ခေါင်းထဲ မထည့်တတ်ပါဘူး။ သူက သင့်အနားက ထွက်သွားမယ်ဆိုရင်လည်း သင်က အေးဆေးပါပဲ။

၆။ Single ဘဝကို ကြိုက်လို့ကို ရည်းစားမထားတာ

သင့်ဘဝမှာ မိဘ၊ မောင်နှမ၊ သူငယ်ချင်းတွေက အရေးကြီးဆုံး ပုဂ္ဂိုလ်တွေပါ။ သူတို့နဲ့ပဲ သင်က အချိန်ကုန်တတ်ပြီး ရည်းစားထားဖို့ကို သိပ်မတွေးပါဘူး။ အပူအပင်မရှိဘဲ၊ ဘယ်သူ့ကိုမှ အချိန်မပေးရတဲ့ ဘဝက သင့်အတွက် အဆင်အပြေဆုံး ဖြစ်နေလို့ပါ။

သင်က အပေါ်က အချက်တွေနဲ့ ကိုက်ညီနေကြောင်း၊ ကြိုက်မယ့်သူ မရှိတာ မဟုတ်ဘဲ တမင်ကို ရည်းစားမထားတာဖြစ်ကြောင်း အားလုံးသိနိုင်ဖို့ ဒီအကြောင်းအရာကို Share ဖို့ မမေ့ပါနဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar