အချစ်ဆိုတဲ့အရာက လူတိုင်းနဲ့မကင်းတဲ့အရာတစ်ခုပါပဲ့။ အချစ်ကြောင့် ရင်ခုန်ရ ပျော်ရွှင်ရ ဝမ်းနည်းရ မျက်ရည်ကျရ စိတ်လှုပ်ရှားရ နာကျင်ရနဲ့ ခံစားချက်မျိုးစုံကြိုးခုန် ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ တခါတလေ အချစ်စစ်လို့ထင်ရတဲ့အရာကလည်း အချစ်မဟုတ်ပြန်နေဘူးဆိုတာကို ဒီအချက်တွေနဲ့ သိနိုင်ပါတယ်။

၁။ သင့်ရဲ့ချစ်သူက သင်နဲ့အတူရှိတာထက် တခြားသူတွေနဲ့ အတူတူ အချိန်ဖြုန်းတဲ့အရာအပေါ် သင်အရမ်းသဝန်တိုတယ်။ အချစ်ဆိုတာ နားလည်မှုတွေနဲ့ တည်ဆောက်ထားတာပါ။ တကယ်ချစ်လာပြီဆိုရင် ချစ်သူကို သဝန်မတိုတော့တာမျိုး မဟုတ်ပေမယ့် နားလည်ပေးနိုင်လာမှာပါ။ သူ့အပေါ်မှာလည်း ယုံကြည်မှုတွေ ပိုတိုးလာမှာပါ။

၂။ သင်တို့နှစ်ယောက် အတူတူလုပ်နေကျ အရာတွေကို မလုပ်တော့ဘူး။

၃။ သင့်ချစ်သူက သင့်ကို သစ္စာဖောက်ပြီး ထားသွားမှာကို ပြင်းပြင်းထန်ထန် စိုးရိမ်နေတယ်။ သူ့နားက လူတွေကို သင်သတိထားပြီး စောင့်ကြည့်နေတယ်။ ( တကယ်သာချစ်ရင် သူကိုယ့်ကို ထားမသွားဘူးလို့ သင်ယုံကြည်နေပါလိမ့်မယ်။)

၄။ သင့်ချစ်သူနဲ့ တွေ့တဲ့အခါ ကုန်ကျစရိတ်တွေအားလုံးကို သင်ကပဲ ပေးချင်နေတယ်။ (တကယ်ချစ်ပြီး ရင်းနှီးသွားရင် ရှင်ပေးလိုက်၊ ချစ်ပေးလိုက်နဲ့ လုပ်နေကြတာပဲနော်)

၅။ သင့်ရဲ့ ကိုယ်ပိုင်အယူအဆထက် သူ့ရဲ့အယူအဆတွေကိုပဲ သင်တောင့်တနေတယ်။ (သင့်အယူအဆတွေကို မပြောရဲဘူး)

၆။ သင့်ချစ်သူရဲ့ အတွင်းစိတ်ထဲ ဘယ်လိုရှိနေတယ်၊ သင့်ကို တကယ်ချစ်တယ်မချစ်ဘူးဆိုတာကို သင်ဂရုမစိုက်ဘူး။

၇။ သင့်ချစ်သူကို သင်ကြိုက်သလို ပုံစံသွင်းပြုပြင်ရမယ်လို့ သင်ထင်နေတယ်။ (တကယ်တော့ ချစ်သူကို ပြုပြင်ပြောင်းလဲမယ့်အစား၊ သူ့အရှိအတိုင်းကို ချစ်တာကိုမှ အချစ်စစ်လို့ တင်စားချင်ပါတယ်။)

၈။ သင့်ချစ်သူကို ချုပ်ချယ်ရတာကို ကြိုက်တယ်။ သင့်ဆန္ဒအတိုင်းမလုပ်ပေးရင် သူ့ကို မကျေနပ်ဘူး။

၉။ သင့်ချစ်သူ သေသွားရင် (သို့) သင့်ကိုထားခဲ့ရင် သင်ဘယ်တော့ အသည်းကွဲတာပျောက်မှာမဟုတ်ဘူးလို့ ခံစားနေရတယ်။ (တကယ်သာချစ်ရင် ဒီလိုမခံစားရပါဘူး။ အဲဒီလိုခံစားမနေဘဲ သူ့အတွက် သင့်ဘဝကို ပြန်တည်ဆောက်မယ်။ ကောင်းမှုကုသိုလ်တွေ လုပ်ပေးမယ်လို့ သင်တွေးမိမှာပါ။)

၁၀။ သင့်ကိုယ်သင် ဦးစွာစိတ်ချမ်းသာဖို့အတွက်ပဲ့ တွေးနေပြီး သူ့ဆီကနေ ရယူပိုင်ဆိုင်ခြင်းသက်သက်ကိုပဲ့ လိုချင်နေတတ်တာမျိုးပါ။